Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် စင်ကာပူ သို့ သွားရောက်လည်ပတ်စဉ် အတွင်း ထိုင်ဝမ် ဒေသ ခေါင်းဆောင် မာယင်းကျုံ နဲ့ တွေ့ဆုံမည်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ထိုင်ဝမ် ဒေသ ခေါင်းဆောင် မာယင်းကျုံအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဗဟို ထိုင်ဝမ် ရေးရာ အလုပ်ဌာန ၊ တရုတ် နိုင်ငံ ဗဟို ကောမတီ ထိုင်ဝမ်ရေးရာ ဌာနမှူး ကျန်းကျိကျွင်း မှ နိုဝင်ဘာ ၄ ရက်နေ့တွင် နှစ်ဘက်ဒေသ သက်ဆိုင်ရာ ဌာန များ၏ ဆွေးနွေးမှု အရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ထိုင်ဝမ် ဒေသ ခေါင်းဆောင် မာယင်းကျုံ တို့သည် နိုင်ဝင်ဘာ ၇ ရက်တွင် စင်ကာပူ ၌ တွေ့ဆုံ ကြမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ထို တွေ့ဆုံပွဲတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ထိုင်ဝမ် ဒေသ ခေါင်းဆောင် မာယင်းကျုံ တို့ သည် ထိုင်ဝမ် ရေလက်ကြား နှစ်ဒေသ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အမြင်များ ဖလှယ်သွားမည် ဖြစ်ပြီး ဆွေးနွေး တိုင်ပင်မှု များပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ကျန်းကျိကျွင်း မှ ယခု အကြိမ် တွေ့ဆုံပွဲ တွင် ထိုင်ဝမ်ရေလက်ကြား နှစ်ဒေသ ကိုယ်စားပြု ခေါင်းဆောင်များ ဟူသည့် ပုံစံ မျိုးဖြင့် အစည်းအဝေး ကျင်းပ သွားမည် ဖြစ်ပြီး ယခု တွေ့ဆုံပွဲကို တရုတ် တစ်နိုင်ငံတည်း ဟူသော အခြေခံ မူဝါဒ ဖြင့် နှစ်ဒေသ မှ နိုင်ငံရေးအရ သဘောထား ကွဲလွှဲမှု များကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117