Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ယီမင် နိုင်ငံ အရပ်သား ၅၂ ဦး သေဆုံး

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အရပ်သား တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ Al Hudaydah ပြည်နယ် ကျန်းမာရေး ဌာန က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ ပြည်နယ် အတွင်း ဈေး တစ်ခု အား ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၅၂ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ်လ ၂ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Al Hudaydah ပြည်နယ် ကျန်းမာရေး ဌာန အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ ဒဏ်ရာရရှိသူများကို အနီးပတ်ဝန်းကျင် ရှိ ဆေးရုံ များသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူများအနက် အများ မှာ ဒဏ်ရာလွန်စွာ ပြင်းထန် သဖြင့် သေဆုံးသူ စာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။

ဒေသတွင်း ပြည်သူလူထု တစ်ဦး က ဗုံးကြဲ တိုက်ခိုက်မှု ခံခဲ့ရသည့် နေ့တွင် ဈေး၌ လူများစွာ ရှိနေပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကုန်သည် နှင့် ဈေးဝယ်သူ များစွာ သေဆုံး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ ထောက်ခံ အားပေးမှုဖြင့် ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇွန်လ ၁၃ ရက်နေ့ ၌ Al Hudaydah ပြည်နယ် အား ပြန်လည် သိမ်းပိုက်သည့် အကြီးစား စစ်ရေးဆောင်ရွက်မှု စတင်ပြုလုပ်ခဲ့သည်။ Al Hudaydah ဆိပ်ကမ်း က ပင်လယ်နီ အနီးတွင် တည်ရှိပြီး ယီမင် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း ၏ ပြင်ပ နှင့် ဆက်သွယ်သည့် အရေးပါသည့် လမ်းကြောင်း တစ်ခု ဖြစ်သည့် အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း မှ ဟူဒီ လက်နက်ကိုင် များ ထိန်းချုပ်ထားသည့် နယ်မြေ သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ပေးပို့သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117