Connect with us

International Organizations

ပါကစ္စတန်နိုင်ငံက သီရိလင်္ကာနိုင်ငံနှင့် ODI ခရစ်ကတ်ပြိုင်ပွဲများ နိုဝင်ဘာတွင် လက်ခံကျင်းပမည်

တရုတ်နိုင်ငံအ‌‌ရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင်ပြုလုပ်သည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ပါကစ္စတန်အသင်းတို့၏ အမျိုးသမီးခရစ်ကတ် ကြေးတံဆိပ်လုပွဲစဥ်၌ ပါကစ္စတန်အသင်းမှ Natalia Parvaiz (အလယ်) ယှဥ်ပြိုင်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် One Day International (ODI) နိုင်ငံတကာ ခရစ်ကတ်ပြိုင်ပွဲများကို နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ပါကစ္စတန်ခရစ်ကတ် ဘုတ်အဖွဲ့ (PCB) က စက်တင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါပြိုင်ပွဲများကို အစ္စလာမ်မာဘတ်မြို့အနီးရှိ ရဝါပင်ဒီမြို့တွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။
သီရိလင်္ကာအသင်းသည် ODI ခရစ္စကတ်ပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်က ပါကစ္စတန်နိုင်ငံတွင် နောက်ဆုံး ကစားခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ပါကစ္စတန်အသင်းက ၂-၀ ဖြင့် အနိုင်ရရှိခဲ့ကြောင်း က PCB က ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် သီရိလင်္ကာနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် ပထမဆုံးအကြိမ်ပြုလုပ်မည့် T20 နိုင်ငံတကာ သုံးနိုင်ငံပြိုင်ပွဲများကို နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ လာဟိုးနှင့် ရဝါပင်ဒီမြို့များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဘုတ်အဖွဲ့က စက်တင်ဘာ ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
ပြိုင်ပွဲစဥ်နှစ်ခုစလုံးကို ပါကစ္စတန်နိုင်ငံ၏ ပြိုင်ပွဲရာသီအတွင်း ကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ပြုလုပ်မည့် တောင်အာဖရိကနိုင်ငံနှင့် ICC World Test Championship ပြိုင်ပွဲနှစ်ပွဲနှင့် six white-ball ခရစ်ကတ်ပြိုင်ပွဲများအပြီးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Pakistan to host Sri Lanka for ODI cricket series in November
ISLAMABAD, Sept. 9 (Xinhua) — Pakistan will host Sri Lanka for a three-match One Day International (ODI) series in November, the Pakistan Cricket Board (PCB) announced on Monday.
The series will take place in Rawalpindi, a city neighboring the capital Islamabad, from November 11 to 15.
Sri Lanka last played an ODI series in Pakistan in 2019, when the hosts won 2-0, the PCB noted.
The board also confirmed on Sunday that Pakistan will stage its first-ever T20 International tri-series featuring Sri Lanka and Afghanistan from November 17 to 29, with matches scheduled in Lahore and Rawalpindi.
Both series come during a packed home season for Pakistan, which begins with two ICC World Test Championship matches and six white-ball games against South Africa from October 12 to November 8.
Photo : Natalia Parvaiz (C) of Pakistan competes during the Women’s Cricket Bronze Medal Match between Bangladesh and Pakistan at the 19th Asian Games in Hangzhou, east China’s Zhejiang Province, Sept. 25, 2023. (Xinhua/Wu Zhuang)