Connect with us

Economy

ခေတ်သစ် ပိုးလမ်းမကြီး၏ မြေပုံစာအုပ် တရုတ်နိုင်ငံမှ ထုတ်ပြန် ကြေငြာ

ပိုးလမ်းမကြီး မြေပုံစာအုပ်

ရှီအန်း ၊ မတ် ၉ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး တလျှောက်ရှိ အဓိကနိုင်ငံများ ပါဝင်သော မြေပုံစာအုပ်ကို တရုတ်ပြည်၏ အနောက်မြောက် စန်းရှီး (Shaanxi) ပြည်နယ်တွင် ထုတ်ဝေခဲ့ကြောင်း မြေပုံစာအုပ် ရေးသားသူက မတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။

မြေပုံစာအုပ်တွင် တရုတ်နိုင်ငံ၊ ကာဇက်စတန်၊ အီရန် နှင့် တာကီတို့ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံ၏ ပထဝီဝင် အနေအထား ပို့ဆောင် ဆက်သွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာ ၊ စီးပွားရေး အချက်အလက်များ ပါဝင်သည်ဟု ဆိုသည်။

ထိုမြေပုံသည် ပိုးလမ်းမကြီးတလျှောက်တွင် ရှိသော အဓိကနိုင်ငံများ၏ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသော ပထမဆုံး မြေပုံဖြစ်သည်။

တရုတ်နိုင်ငံ နှင့် အာရှအလယ်ပိုင်းနှင့် ဥရောပ နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ရန်တရုတ် နိုင်ငံ၏ စီးပွားရေး ရပ်ဝန်း ဖြစ်သည့် ပိုးလမ်းမကြီး ကို ၂၀၁၃ ခုနှစ် တွင် ပဏာမ ခြေလှမ်း အနေဖြင့် အဆိုပြု ခဲ့ သည်။

ယခင် ကုန်သွယ်မှု လမ်းကြောင်း ဖြစ်သည့် ပိုးလမ်းမကြီး လမ်းကြောင်းအပါအဝင် တရုတ်နိုင်ငံ အနောက်မြောက် ကမ်းခြေဒေသကို ဖြတ်ပြီး အာရှ အလယ်ပိုင်း၊ အရှေ့အလယ်ပိုင်း နှင့် ဥရောပ အထိ ချဲ့ထွင်၍ ခေတ်သစ်ပိုးလမ်းမကြီးကို တည်ဆောက်မည် ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117