Africa & Middle East
“ပါလက်စတိုင်းနိုင်ငံရှိလာမည်မဟုတ်” ဟု နေတန်ယာဟု ဆို

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ဖြစ်ပေါ်ခဲ့သော ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ “E1 ဇုန်” ဂျူးလူမျိုး အခြေချနေထိုင်ရေးစီမံကိန်းကို တွန်းအားပေးဆောင်ရွက်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ်ကို အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ပါလက်စတိုင်းနိုင်ငံရှိလာမည်မဟုတ်” ဟု ကြေညာခဲ့သည်။ ထိုနေ့တွင် နေတန်ယာဟုက ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ ဂျူးလူမျိုးအခြေချရာဒေသ Ma’ale Adumim ၌ ကျင်းပသော အခမ်းအနားတစ်ခုတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအခမ်းအနားတွင် နေတန်ယာဟုက “ကျွန်တော်တို့ ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ပါတော့မယ်၊ ပါလက်စတိုင်းနိုင်ငံ ရှိလာမှာမဟုတ်ဘဲ ဒီမြေက ကျွန်တော်တို့ပိုင်ဆိုင်တယ်” ဟု ပြောကြားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထိုနေ့ ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
အစ္စရေး လက်ယာစွန်း နိုင်ငံရေးသမားနှင့် ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ယင်းအခမ်းအနားကိုတက်ရောက်စဉ် နေတန်ယာဟုအား အစ္စရေးသည် မကြာမီတွင် “ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း သိမ်းပိုက်” ၍ ဂုဏ်ပြုရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု “The Times of Israel” က သတင်းထုတ်ပြန်ခဲ့သည်။
သြဂုတ်လလယ်ပိုင်းတွင် Smotrich က ဂျေရုဆလမ်မြို့မှ အရှေ့ဘက်နှင့် Ma’ale Adumim အကြားရှိ “E1 ဇုန်” တွင် အခြေချနေထိုင်ရန် အိမ်ရာ ၃,၄၀၀ လုံးခန့် တည်ဆောက်ရေးအား အတည်ပြုရန် စီစဉ်နေကြောင်း၊ ရည်ရွယ်ချက်မှာ “ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး စိတ်ကူးကို ချေမှုန်းရန်” ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အရပ်ဘက်ရေးရာဦးစီးဌာန အဆင့်မြင့်စီမံကိန်းကော်မရှင်က ထိုအိမ်ရာတည်ဆောက်ရေး စီမံကိန်းကို အတည်ပြုခဲ့သည်။ ဤလုပ်ရပ်သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းကို နှစ်ပိုင်းကွဲသွားစေပြီး အရှေ့ဂျေရုဆလမ်၊ Bethlehem နှင့် Ramallah ရှိ ပါလက်စတိုင်းဒေသများကို တစ်ကြောတည်း ဆက်စပ်နိုင်ခြင်း မရှိတော့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။
ဂျူးလူမျိုးများ အခြေချနေထိုင်ရေးကိစ္စရပ်သည် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အဓိက အတားအဆီးများအနက် တစ်ခုဖြစ်သည်။ ၁၉၆၇ ခုနှစ် တတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အစ္စရေးသည် အရှေ့ဂျေရုဆလမ်နှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ ဒေသအချို့ကို သိမ်းပိုက်ခဲ့ပြီး ဂျူးလူမျိုးအခြေချနေထိုင်ရာနေရာများ တည်ဆောက်ခဲ့ရာ ပါလက်စတိုင်းဘက်က ပြင်းထန်စွာ ကန့်ကွက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းတွင် အစ္စရေးနိုင်ငံသား ၅၁၀,၀၀၀ ခန့်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ တည်ဆောက်ထားသော ဂျူးလူမျိုးအခြေချနေထိုင်ရာနေရာများတွင် နေထိုင်လျက်ရှိကြောင်း အစ္စရေးအစိုးရ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သော လူဦးရေဆိုင်ရာ အချက်အလက်အစီရင်ခံစာအရ သိရသည်။
ဇူလိုင်လနှောင်းမှစ၍ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျစသည့် နိုင်ငံများက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်ဆင် သို့မဟုတ် စီစဉ်လျက်ရှိကြောင်း ဆက်တိုက် ဖော်ပြလာကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” လက်တွေ့ဖော်ဆောင်ရန် တောင်းဆိုသည့် တိုက်တွန်းသံများ တစ်ဆင့်တိုး မြင့်မားလာခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
内塔尼亚胡称“不会有巴勒斯坦国”
新华社耶路撒冷9月11日电(记者路一凡 王卓伦)以色列总理内塔尼亚胡11日签署一份协议,旨在约旦河西岸推进引发国际谴责的“E1区”犹太人定居点建设计划,并宣称“不会有巴勒斯坦国”。
内塔尼亚胡当天在约旦河西岸犹太人定居点马阿勒阿杜明举行的一场仪式上签署协议。以总理府当晚发表的声明显示,内塔尼亚胡在仪式上说:“我们将要兑现承诺,即不会有巴勒斯坦国,这片土地属于我们。”
据《以色列时报》报道,以色列极右翼政客、财政部长斯莫特里赫在出席同一场仪式时对内塔尼亚胡说,以色列将很快庆祝“吞并约旦河西岸”。
8月中旬,斯莫特里赫发表声明称,他计划批准在耶路撒冷以东和马阿勒阿杜明之间的“E1区”建造约3400套定居点住房,旨在“葬送巴勒斯坦国构想”。随后,以国防部下属的民政管理局高级规划委员会批准这一住房建造计划。以媒说,此举将把约旦河西岸一分为二,并使得东耶路撒冷、伯利恒和拉姆安拉的巴勒斯坦区域无法连成一片。
犹太人定居点问题是巴以和谈主要障碍之一。以色列在1967年第三次中东战争中占领东耶路撒冷和约旦河西岸部分地区,并建设犹太人定居点,引起巴方强烈反对。以色列政府去年底发布的人口数据报告显示,约旦河西岸约有51万以色列人住在违反国际法建设的犹太人定居点。
自7月下旬以来,法国、英国、加拿大、澳大利亚等国家陆续表示计划或准备承认巴勒斯坦国。国际社会要求落实“两国方案”的呼声进一步加强。(完)
图说:这张以色列国家安全总局(辛贝特)发布的照片显示,9月9日,以色列总理内塔尼亚胡(中)、以色列国防部长卡茨(左一)等在一处辛贝特指挥中心内交流。新华社发