Asia
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ “၂.၀ အဆင့်မြှင့်ဗားရှင်း” က ပါကစ္စတန် အစိမ်းရောင်အသွင်ကူးပြောင်းမှု ဖော်ဆောင်ရေးကို အားဖြည့်ကူညီရန် မျှော်လင့်ကြောင်း ပါကစ္စတန် ကျွမ်းကျင်ပညာရှင် ဆို

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ပါကစ္စတန်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒသုတေသနဌာနသည် မကြာသေးမီက အစ္စလာမ်မာဘတ်မြို့တွင် “တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ ၂.၀ အစိမ်းရောင်စက်မှုလုပ်ငန်း- တရုတ်-ပါကစ္စတန်ပူးပေါင်းဆောင်ရွက်မှုဖြင့် အစိမ်းရောင်ဘဏ္ဍာရေးနှင့် ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အဆင့်မြင့်မူဝါဒဆိုင်ရာဆွေးနွေးပွဲ ကျင်းပခဲ့သည်။
တက်ရောက်လာသည့် ပါကစ္စတန်ကျွမ်းကျင်ပညာရှင်များက တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ “၂.၀ အဆင့်မြှင့်ဗားရှင်း” သည် အစိမ်းရောင်စက်မှုလုပ်ငန်း အသွင်ကူးပြောင်းရေးအတွက် မဟာဗျူဟာမြောက်ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးခဲ့ရာ ပါကစ္စတန်အနေဖြင့် ကာဗွန်လျော့နည်း နည်းပညာများပေါင်းစည်းရန် အခွင့်အရေးကို အလျင်အမြန်ဆုပ်ကိုင်ကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်မော်တော်ကား၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများစသည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများသည် ပါကစ္စတန်အား အကျိုးကျေးဇူးရရှိစေကြောင်း၊ ပါကစ္စတန်အစိုးရသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် တရုတ်နှင့် အစိမ်းရောင်ဘဏ္ဍာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ပြီး အစိမ်းရောင်ကဏ္ဍအတွက်ငွေချေးစာချုပ်များ၊ အစိမ်းရောင်စီးပွားရေးအထူးဇုန်များစသည့် တီထွင်ဆန်းသစ်သည့် ဘဏ္ဍာရေးဆိုင်ရာပုံစံများမှတစ်ဆင့် တရုတ်နှင့်ချိတ်ဆက်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်ကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဟောင်း၊ အမျိုးသားဘဏ် ဥက္ကဋ္ဌ Shamshad Akhtar က ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပါကစ္စတန် ရင်နှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဥက္ကဋ္ဌဟောင်း Haroon Sharif က အစိမ်းရောင်နှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးအယူအဆသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ “၂.၀ အဆင့်မြှင့်ဗားရှင်း” ၏ ပင်ကိုရှိသင့်သည့်အနက်အဓိပ္ပာယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရာသီဥတုစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသော ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အန္တရာယ်လျှော့ချရေးယန္တရားများကို အမြန်ဆုံး တည်ဆောက်ပြီး တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ မူဘောင်အောက်ရှိ ပါကစ္စတန်စက်မှုလုပ်ငန်း အစိမ်းရောင်ကူးပြောင်းရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပေးအပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ပါကစ္စတန်-တရုတ်သိပ္ပံပညာရှင်အသင်း အမှူဆောင် အကြီးအကဲ Mustafa Hyder က ပါကစ္စတန်သည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ “၂.၀ အဆင့်မြှင့်ဗားရှင်း” တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တက်ကြွစွာဖွံ့ဖြိုးတိုးတက်စေပြီး ဂေဟစနစ်စက်မှုလုပ်ငန်းဇုန်များ တည်ဆောက်သင့်သည်ဟု ယူဆသည်။ ပါကစ္စတန်၏ ပထဝီဝင်ပတ်ဝန်းကျင်သည် အစိမ်းရောင်စီးပွားရေးအထူးဇုန်များ တည်ဆောက်ရာတွင် ထူးခြားသောအားသာချက်များရှိစေပြီး ပါကစ္စတန်စက်မှုလုပ်ငန်း ကာဗွန်လျော့နည်းဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကို အတူတကွမြှင့်တင်ရန် အထူးဇုန်တည်ဆောက်ရေးတွင် တရုတ်ပုဂ္ဂလိကလုပ်ငန်းများနှင့် နည်းပညာလူရည်ချွန်များ ပါဝင်ရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံမှူး ဝမ်စိန့်ကျဲက တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲရေးနှင့် အစိမ်းရောင် ကာဗွန်လျော့နည်းကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်၊ တရုတ်နိုင်ငံ စွမ်းအားများ ဖြည့်တင်းပေးရန်၊ အများပြည်သူဆိုင်ရာ ကုန်ထုတ်များ ပံ့ပိုးပေးရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအား ဦးစားပေးပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ် အစဉ်အမြဲ ရှုမြင်ပြီး မူဝါဒညှိနှိုင်းမှု၊ ယန္တရားထောက်ပံ့မှုနှင့် စီမံကိန်း အားပေးမှုများမှတစ်ဆင့် ပါကစ္စတန်နိုင်ငံက ရာသီဥတု ခံနိုင်ရည်အား မြှင့်တင်ခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဖန်တီးပေးခြင်းတွင် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ Voyah မော်တော်ကား ဝူဟန့်စက်ရုံ ထုတ်လုပ်ရေးလိုင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
巴基斯坦专家:期待中巴经济走廊“2.0升级版”助力巴实现绿色转型
新华社伊斯兰堡9月18日电(记者杨恺 张敬尧)巴基斯坦可持续发展政策研究所日前在伊斯兰堡举办以“中巴经济走廊2.0绿色工业化:通过中巴合作推进绿色金融和低碳发展”为主题的高级别政策对话会。与会巴方专家纷纷表示,中巴经济走廊“2.0升级版”为绿色工业化转型提供了战略平台,巴基斯坦应抢抓机遇整合低碳技术,实现可持续发展。
巴基斯坦前财政部长和前国家银行行长沙姆沙德·阿赫塔尔在视频致辞中说,中国在可再生能源、电动汽车、太阳能电池板等领域的投资使巴基斯坦受益。巴政府可在中巴经济走廊框架下加大与中国在绿色金融领域的合作,通过绿色债券、绿色经济特区等创新融资模式加强与中方对接,实现互利共赢。
巴基斯坦投资委员会前主席哈龙·谢里夫表示,绿色包容发展理念是中巴经济走廊“2.0升级版”的应有之义。他呼吁尽快建立应对气候挑战的金融基础设施和去风险机制,为中巴经济走廊框架下巴工业绿色转型提供资金支持。
巴基斯坦巴中学会执行主任穆斯塔法·海德尔·赛义德认为,巴基斯坦在中巴经济走廊“2.0升级版”中应积极发展可再生能源、建设生态工业园区。巴基斯坦的地理环境使其在建设绿色经济特区时具有独特优势,欢迎中国民营企业和技术人才参与特区建设,共同促进巴工业实现低碳发展。
中国驻巴基斯坦大使馆参赞王圣杰表示,中国致力于拓宽全球气候治理和绿色低碳领域国际合作,注入中国动力,提供公共产品。中国始终将巴基斯坦视作优先合作伙伴,通过政策协调、机制支撑和项目支持,助力巴基斯坦增强气候韧性,创造绿色发展机遇。(完)
图说1:在内蒙古兴安盟中广核科右中旗防沙治沙和风电光伏一体化项目场地拍摄的风机和光伏阵列(7月29日摄)。新华社记者 丁赫 摄
图说2:8月25日拍摄的岚图汽车武汉工厂生产线。新华社记者 龚兵 摄