Connect with us

North America

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကို အစ္စရေး သိမ်းပိုက်ခြင်းအား ခွင့်ပြုမည်မဟုတ်ကြောင်း ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် တူယီယဲသမ္မတ အာဒိုဂန် (ပုံတွင်မပါ) အား ကြိုဆိုနေသည့် အမေရိကန်သမ္မတ ထရမ့်အား စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းသည် ပါလက်စတိုင်း၊ ဂျော်ဒန် အနောက်ဘက်ကမ်းအား အစ္စရေး သိမ်းပိုက်မည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ “ဒါဖြစ်လာမှမဟုတ်ဘူး” ဟု စက်တင်ဘာ ၂၅ ရက်တွင် အိမ်ဖြူတော်၌ မီဒီယာများ မေးမြန်းစဉ် ပြောကြားခဲ့သည်။
ထရမ့်သည် စက်တင်ဘာ ၂၃ ရက်တွင် ကာတာ၊ ဂျော်ဒန်၊ တူကီယဲ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ယူအေအီးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တံခါးပိတ် နိုင်ငံစုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ဂျော်ဒန် အနောက်ဘက်ကမ်းအား အစ္စရေး သိမ်းပိုက်မည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ကတိပြုခဲ့ကာ အမေရိကန်၏ ဂါဇာစစ်ပွဲအဆုံးသတ်ရန်နှင့် စစ်ပြီးကာလပြန်လည်တည်ဆောက်ရေးအစီအစဉ်ဆိုင်ရာ စာရွက်စာတမ်းကို ပေးအပ်ခဲ့ကြောင်း အမေရိကန် Politico သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။ အနောက်နိုင်ငံအများအပြားက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမှုအား တုံ့ပြန်ရန်အတွက် အစ္စရေးအစိုးရက ဂျော်ဒန် အနောက်ဘက်ကမ်းဒေသ တစ်စိတ်တစ်ပိုင်းသို့မဟုတ် ဒေသတစ်ခုလုံးအထိပါ သိမ်းပိုက်ရန် ရည်ရွယ်ထားကြောင်း အစ္စရေးမီဒီယာများက ယင်းမတိုင်မီ သတင်းဖော်ပြခဲ့သည်။
ဤ “ထရမ့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် ၂၁ ချက်” ၏ အဓိကအချက်များတွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) က ဖမ်းဆီးထားခံရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဒေသ ထာဝရ စစ်ပြေငြိမ်းရေး၊ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးမှ တဖြည်းဖြည်း ရုပ်သိမ်းရေးနှင့် ပဋိပက္ခပြီးဆုံးပြီးနောက် ဟားမက်စ် မပါဝင်သော ဂါဇာ စီမံအုပ်ချုပ်ရေး ယန္တရားထူထောင်ရေးနှင့် “နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့” အခြေစိုက်ထားရှိရေးတို့ ပါဝင်ကြောင်း၊ အချို့သော အာရပ်ခေါင်းဆောင်များက ၎င်းတို့ ဤအစီအစဉ်ကို ထောက်ခံရန် တောင်းဆိုချက်မှာ အစ္စရေးသည် ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ဒေသတစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ခြင်းမပြုရန်၊ ဂါဇာရှိ ဒေသတစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ခြင်းမပြုရန် သို့မဟုတ် ဂါဇာတွင် အခြေချနေထိုင်သည့်နေရာများ တည်ဆောက်ခြင်းမပြုရန်၊ ဂါဇာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများစသည်တို့ ချက်ချင်းတိုးမြှင့်ရန် ပါဝင်သည်ဟု ထရမ့်ထံ အဆိုပြုခဲ့ကြောင်း အမေရိကန် နိုင်ငံရေးသတင်းဝက်ဘ်ဆိုက် Axios ၏ ဖော်ပြချက်အရ သိရသည်။
ထရမ့်က နယူးယောက်၌ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်စဉ်ကာလအတွင်း ၎င်းသည် အာရပ်၊ အစ္စလာမ်မစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက် အစောပိုင်းတွင် အိမ်ဖြူတော်၌ တူယီယဲသမ္မတ အာဒိုဂန်နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှုမပြုခင် မီဒီယာများထံ အတည်ပြုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသအခြေအနေနှင့် စပ်လျဉ်း၍ “ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရရှိဖို့ နီးစပ်နေပြီ” ဟု ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်ဘက်က ဂါဇာအခြေအနေ အဆုံးသတ်တစ်ခုရှိရန် မျှော်လင့်ကြောင်း၊ ဟားမက်စ် ဖမ်းဆီးထားသူများ အားလုံး ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
အစ္စရေး၏ စစ်ရေးလှုပ်ရှားမှု တိုးချဲ့လာသည်နှင့်အမျှ ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းသည် တစ်ဆင့်တိုး ဆိုးရွားလာခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် လှိုင်းအသစ်ပေါ်ပေါက်လျက်ရှိသည်။ ထရမ့်သည် စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားစဉ် ဂါဇာစစ်ပွဲ “ချက်ချင်း” အဆုံးသတ်ရန် တိုက်တွန်းခဲ့သော်လည်း ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ကန့်ကွက်ကာ ဤသို့လုပ်ဆောင်ခြင်းသည် “ဟားမက်စ်အား ဆုချီးမြှင့်နေခြင်း” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
特朗普称不会允许以色列吞并约旦河西岸
新华社华盛顿9月25日电(记者徐剑梅)美国总统特朗普25日在白宫回答媒体记者提问时说,他不会允许以色列吞并巴勒斯坦约旦河西岸地区,“这不会发生”。
据美国《政治报》网站报道,特朗普23日与卡塔尔、约旦、土耳其、巴基斯坦、印度尼西亚、埃及、阿联酋、沙特阿拉伯领导人举行闭门多边会晤,承诺不会允许以色列吞并约旦河西岸地区,并提交一份美方关于推动结束加沙战事和战后重建计划的文件。以色列媒体先前报道,为回应多个西方国家承认巴勒斯坦国,以色列政府有意吞并部分甚至整个约旦河西岸。
据美国时政新闻网站阿克西奥斯报道,这份“特朗普21点中东和平计划”要点包括:巴勒斯坦伊斯兰抵抗运动(哈马斯)释放所有被扣押人员,加沙地带永久停火,以色列逐步撤出整个加沙地带,冲突结束后建立没有哈马斯的加沙治理机制以及驻扎“国际安全部队”等。一些阿拉伯国家领导人向特朗普提出,他们支持这一计划的前提条件包括确保以色列不吞并约旦河西岸部分地区、不占领加沙部分地区或在加沙建立定居点、立即增加对加沙人道主义援助等。
特朗普25日早些时候在白宫与土耳其总统埃尔多安开始正式会谈前,向媒体证实,在纽约出席联合国大会期间,他与多名阿拉伯和伊斯兰国家领导人举行会晤。他声称,就加沙地带局势,“我们接近达成某种协议”。
特朗普还说,美方希望加沙局势有个了结,希望被哈马斯扣押的人员全部获释。
随着以色列扩大军事行动进一步加剧加沙地带人道主义危机,国际社会出现新一波承认巴勒斯坦国的浪潮。特朗普虽然23日在联大一般性辩论发言时呼吁“立即”结束加沙战事,但反对承认巴勒斯坦国,声称这是在“奖励哈马斯”。(完)
图说:9月25日,在美国首都华盛顿白宫,美国总统特朗普迎候土耳其总统埃尔多安(未在画面中)。新华社记者 胡友松 摄