Connect with us

North America

ဂါဇာပဋိပက္ခ အဆုံးသတ်ရေး “အချက် ၂၀ ပါ အစီအစဉ်” ကို အစ္စရေး သဘောတူကြောင်း ထရမ့် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ဝဲ) က ခရီးစဉ်ရောက်ရှိနေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအား ကြိုဆိုနေသည်ကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ အမေရိကန်အဆိုပြုသော “အချက် ၂၀ ပါ အစီအစဉ်” ကို သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၉ ရက်တွင် အိမ်ဖြူတော်၌ နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကြေညာခဲ့သည်။ ဤအဆိုပြုချက်နှင့်စပ်လျဉ်း၍ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) မှ လက်ခံမည်လောဆိုသည်ကို တုံ့ပြန်မှုမရှိသေးပေ။
ထိုနေ့အစောပိုင်း ထရမ့်နှင့် တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း နေတန်ယာဟုက ကာတာနိုင်ငံ မြို့တော် ဒိုဟာရှိ ဟားမက်စ်ခေါင်းဆောင်ပိုင်းကို အစ္စရေးက စက်တင်ဘာ ၉ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ကာတာနိုင်ငံအား တရားဝင် တောင်းပန်ခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ယာ) က ခရီးစဉ်ရောက်ရှိနေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးနေသည်ကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The Government Press Office (GPO))

………………………..
(Chinese Version)
特朗普称以色列同意结束加沙冲突“20点计划”
新华社华盛顿9月29日电(记者徐剑梅)美国总统特朗普29日在白宫与以色列总理内塔尼亚胡会谈后宣布,内塔尼亚胡已同意美方就结束加沙冲突提出的“20点计划”。针对这一方案巴勒斯坦伊斯兰抵抗运动(哈马斯)尚未表态是否接受。
当天早些时候与特朗普会谈期间,内塔尼亚胡就以色列9日空袭身处卡塔尔首都多哈的哈马斯领导层向卡塔尔正式道歉。(完)
图说1:9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者 胡友松 摄
图说2:9月29日,在美国首都华盛顿白宫,美国总统特朗普(右)与到访的以色列总理内塔尼亚胡举行会谈。 新华社发(以色列政府新闻办公室供图)