China
အများပြည်သူ လွတ်လပ်စွာလည်ပတ်ခွင့် အစီအစဉ်များအတွက် PLA ရေတပ်သင်္ဘောများ ဟောင်ကောင်သို့ရောက်ရှိ

ဟောင်ကောင်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သင်္ဘောများဖြစ်သော ချီးကျိကွမ်းနှင့် ရီမုန်ဆန်း တို့သည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဆိုက်ရောက်လာခဲ့ပြီး အများပြည်သူများအား သင်္ဘာများပေါ်သို့ လည်ပတ်ကြည့်ရှုရန် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်္ဘောများသည် PLA Hong Kong Garrison နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ သင်္ဘောများ စောင့်ကြပ်ခြံရံကာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရေပိုင်နက်အတွင်းသို့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်မြောက်ကို ဂုဏ်ပြုသောအားဖြင့် ရေတပ်စစ်သည် ၁၀၀ ကျော်က ချီးကျိကွမ်း သင်္ဘောကုန်းပတ်ပေါ်တွင် နံပါတ် ၇၆ ပုံစံကို စုဖွဲ့ပုံဖော်ကာ ဟောင်ကောင်ပြည်သူများအတွက် ဆန္ဒမွန်များပို့သပါကြောင်း ဖော်ပြခဲ့ကြသည်။ ကမ်းနဖူးတွင်မူ ဒေသခံပြည်သူများ၊ ခရီးသွားများက သင်္ဘောပေါ်မှ ဗိုလ်လောင်းများနှင့် စစ်မှုထမ်းများအား လက်ဝှေ့ယမ်းနှုတ်ဆက်ကြိုဆိုခဲ့ကြသည်။
ချီးကျိကွမ်းနှင့် ရီမုန်ဆန်းသင်္ဘောများမှာ ဟောင်ကောင်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပြီး ကြိုဆိုရေးအခမ်းအနားကို Stonecutters ကျွန်းရှိ PLA Hong Kong Garrison ရေတပ်အခြေစိုက် စခန်း၌ လက်ခံကျင်းပခဲ့သည်။
ထို့အတူ ရေတပ်နှင့် ဆက်စပ်သောအစီအစဉ်များကို ချီးကျိကွမ်းနှင့် ရီမုန်ဆန်းသင်္ဘောကြီးများပေါ်တွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လူငယ်များနှင့် ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် ဟောင်ကောင်နှင့် မကာအိုမှ ပြည်သူများအနေဖြင့် သင်္ဘောများပေါ်သို့ တက်ရောက်လည်ပတ်ကာ ခေတ်သစ်တွင် တရုတ်နိုင်ငံတပ်မတော်၏ အောင်မြင်မှုများကိုလေ့လာနိုင်ရန် PLA Hong Kong Garrison အခြေစိုက်စခန်းက စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။
ရေတပ်သင်္ဘောများပေါ်သို့ ကျောင်းသားများလည်ပတ်ခဲ့ရာတွင် သင်္ဘောပေါ်ရှိ ခေတ်မီနည်းပညာနှင့် ဘက်စုံအသုံးအဆောင်ပစ္စည်းများကြောင့် အံ့ဩချီးကျူးခဲ့ကြကြောင်း သိရသည်။ သင်္ဘောပေါ်သို့ လေ့လာရေးခရီးစဥ်ကြောင့် ကျောင်းသားများ၏ မျိုးချစ်စိတ်ကို နက်ရှိုင်းစွာ တိုးတက်ပေါက်ဖွားလာလိမ့်မည်ဖြစ်ကြောင်းလည်း ထျန်းဆွေဝေ အစိုးရအလယ်တန်းကျောင်းမှ ဆရာ တစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
PLA Navy ships arrive in Hong Kong for open ship events
HONG KONG, Oct. 1 (Xinhua) — Chinese People’s Liberation Army (PLA) Navy ships Qi Jiguang and Yimengshan arrived in Hong Kong on Tuesday morning and opened for public visits.
The ships entered the waters of the Hong Kong Special Administrative Region (HKSAR) on Tuesday morning, escorted by vessels from the PLA Hong Kong Garrison and the HKSAR government.
On the aft deck of Qi Jiguang, over 100 service members formed the number “76” to celebrate the 76th anniversary of the founding of the People’s Republic of China and extend their best wishes to the Hong Kong people. Along the shore, residents and tourists waved to cadets and service members on deck.
This marks the first visit to Hong Kong by Qi Jiguang and Yimengshan. A welcome ceremony was held at the PLA Hong Kong Garrison’s naval base in Stonecutters Island.
A series of naval-themed open ship activities will take place aboard Qi Jiguang and Yimengshan from Tuesday to Thursday. The PLA Hong Kong Garrison will organize visits for residents from Hong Kong and Macao, including youth and students, to board the ships and learn about the achievements of China’s military forces in the new era.
The visit to the naval ships left students with a deep sense of pride, as they marveled at the advanced technology and comprehensive onboard facilities. A teacher from Tin Shui Wai Government Secondary School said that the ship visit would further deepen the students’ sense of patriotism. ■
Photo:
Visitors pose for a group photo near Chinese People’s Liberation Army (PLA) Navy ship Qi Jiguang in Hong Kong, south China, Sept. 30, 2025. (Xinhua/Meng Jia)