Europe
ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းလမ်းပိုင်း အားလုံးစတင်ပြေးဆွဲ

ဆူဘော့တီကာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းရှိ နိုဗီဆတ်-ဆူဘော့တီကာလမ်းပိုင်း စတင်ပြေးဆွဲခြင်း အခမ်းအနားကို အောက်တိုဘာ ၃ ရက်တွင် ဆားဘီယားနိုင်ငံ မြောက်ပိုင်းမြို့ ဆူဘော့တီကာ၌ ကျင်းပခဲ့ပြီး ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းလမ်းပိုင်း အားလုံးစတင်ပြေးဆွဲမှုအတွက် ဂုဏ်ပြုခဲ့သည်။
ထိုနေ့နံနက်ပိုင်းတွင် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic ၊ ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမင် စသည့် တရုတ်-ဆားဘီးယား နှစ်နိုင်ငံအစိုးရအရာရှိများ၊ လုပ်ငန်းကုမ္ပဏီနှင့် မီဒီယာ ကိုယ်စားလှယ်များက ရထားတွဲတွင် စီးနင်းလိုက်ပါကာ မြို့တော်ဘဲလ်ဂရိတ်မှ ဆူဘော့တီကာမြို့သို့ သွားရောက်ခဲ့သည်။
Aleksandar Vucic က ရထားလမ်းစတင်ပြေးဆွဲခြင်း အခမ်းအနား၌ ရထားလမ်းတည်ဆောက်သူများနှင့် အခမ်းအနားတက်ရောက်လာသော ပြည်သူလူထုအား ကျေးဇူးတင်စကားဆိုခဲ့သည်။ “ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံကမိတ်ဆွေတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ သူတို့မရှိရင် ကျွန်တော်တို့လည်း ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုမျိုး ရရှိနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်က ဆားဘီးယားနိုင်ငံ၌ နှစ်အနည်းငယ်အတွင်း ရထားလမ်း စသည့် အရေးကြီး အခြေခံအဆောက်အဦများ တည်ဆောက်ပြီးစီးမှုကိုလည်း ၎င်းက အထူးချီးမွမ်းသုံးသပ်ပြောကြားခဲ့သည်။
“ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းကို ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်လာကတည်းက တရုတ်-ဆားဘီးယား နှစ်နိုင်ငံမှ တည်ဆောက်သူတွေဟာ ၈ နှစ်ကြာ ခက်ခဲကြမ်းတမ်းစွာ ကြိုးပမ်းမှုကို ကျော်ဖြတ်ခဲ့ရပြီး ဒီနေ့မှာတော့ နောက်ဆုံး အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ” ဟု လီမင်က အမှာစကားပြောကြားရာ၌ ပြောကြားခဲ့သည်။ ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းသည် ချစ်ကြည်ရေးလမ်းတစ်လမ်းဖြစ်ပြီး ခေတ်သစ် တရုတ်-ဆားဘီးယား အေးအတူပူအမျှ အသိုက်အဝန်းအား သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြမှုဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် ထွန်းတောက်သော အမှတ်တရများ ခတ်နှိပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Aleksandar Vucic က လူမှုမီဒီယာ၌ ပို့စ်တင်၍ ထိုနေ့တွင်ကျင်းပသည့် စတင်ပြေးဆွဲခြင်းအခမ်းအနားသည် ကုန်စည်ပို့ဆောင်ရေးခရီးစဉ် တရားဝင်စတင်ပြေးဆွဲခြင်းကို အမှတ်သင်္ကေတပြုနေကြောင်း၊ ခရီးသည်တင်ပို့ဆောင်ရေး ခရီးစဉ်ကို အောက်တိုဘာလ ၈ ရက်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၈၃.၁ ကီလိုမီတာရှိပြီး သတ်မှတ်ထားသည့်အမြန်နှုန်းမှာ တစ်နာရီလျှင် ၂၀၀ ကီလိုမီတာဖြစ်ကာ တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ အရင်းအနှီးထည့်ဝင်ထားခြင်းဖြစ်ကြောင်း၊ လမ်းကြောင်းတစ်ခုလုံး စတင်ပြေးဆွဲပြီးနောက် ဘဲလ်ဂရိတ်မြို့မှ ဆူဘော့တီကာမြို့သို့ ရထားဖြင့်သွားရန်ကြာချိန်ကို ၅ နာရီကျော်မှ ၇၉ မိနစ်အထိ လျှော့ချပေးသွားနိုင်မည်ဖြစ်ကြောင်း China Railway International and China Communications Construction Company (CCCC) ၏ မိတ်ဆက်ချက်အရ သိရသည်။
ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းလမ်းပိုင်းကို ၂၀၁၇ ခုနှစ်တွင် တရားဝင် စတင်တည်ဆောက်ခဲ့ပြီး ၎င်းအနက် ဆားဘီးယားနိုင်ငံအတွင်းရှိ ဘဲလ်ဂရိတ်- နိုဗီဆတ်လမ်းပိုင်းသည် ၂၀၂၂ ခုနှစ် မတ် ၁၉ ရက်တွင် စတင်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

ဆားဘီးယားနိုင်ငံ မြောက်ပိုင်းမြို့ ဆူဘော့တီကာ၌ ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမင်က အမြန်ရထားလမ်း စတင်ပြေးဆွဲခြင်း အခမ်းအနားတွင် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————
(Chinese Version)
匈塞铁路塞段全线通车
新华社塞尔维亚苏博蒂察10月3日电(记者张璇 石中玉)匈塞铁路塞尔维亚境内诺维萨德至苏博蒂察段(诺苏段)通车仪式3日在塞北部边境城市苏博蒂察举行,庆祝匈塞铁路塞段全线开通运营。
当日上午,塞尔维亚总统武契奇、中国驻塞尔维亚大使李明等中塞两国政要、企业和媒体代表等乘坐列车,从首都贝尔格莱德市到达苏博蒂察市。
武契奇在通车仪式上向铁路修建者和现场群众表达感谢,他说:“特别感谢我们的中国朋友——没有他们,我们不可能取得这么大的成就。”他高度评价合作伙伴在塞尔维亚数年间建成铁路等重要基础设施。
“匈塞铁路自2017年动工以来,中塞两国建设者们历经8年艰苦奋斗,今天终于梦想成为现实。”李明发表讲话时表示,匈塞铁路是一条友谊之路,是新时代中塞命运共同体的生动体现,将在两国关系的历史上留下光辉印记。
武契奇在社交媒体发文称,当日举办的通车仪式标志着货运线路正式开通,客运线路将于本月8日正式投入运营。
据中国铁路国际有限公司介绍,匈塞铁路塞段线路全长183.1公里,设计时速200公里,由中国进出口银行提供融资。全线通车后,乘坐火车从贝尔格莱德到达苏博蒂察的时间从5个多小时缩短至79分钟。
据悉,匈塞铁路塞段于2017年正式开工,其中塞尔维亚境内贝尔格莱德至诺维萨德段已于2022年3月19日开通运营。(完)
1、10月3日,在塞尔维亚北部城市苏博蒂察,塞尔维亚总统武契奇(中)在通车仪式上致辞。新华社发(王韡摄)
2、10月3日,在塞尔维亚北部城市苏博蒂察,中国驻塞尔维亚大使李明在通车仪式上致辞。新华社发(王韡摄)