Connect with us

Europe

ရုရှားစစ်တပ်က အထူးစစ်ရေးလှုပ်ရှားမှု ရည်မှန်းချက်အားလုံးကို ဖော်ဆောင်သွားမည်ဟု ပူတင် ပြောကြား

ရုရှားနိုင်ငံ ဆိုချီမြို့၌ ကျင်းပသည့် ရုရှား Think Tank Valdai နိုင်ငံတကာ ဆွေးနွေးမှုကလပ် ၂၂ ကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးအား ရုရှားသမ္မတ ပူတင် တက်ရောက်၍ အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ရုရှားစစ်တပ်က အထူးစစ်ရေးလှုပ်ရှားမှု ရည်မှန်းချက်အားလုံးကို ဖော်ဆောင်သွားမည်ဟု ရုရှားသမ္မတ ပူတင်က အောက်တိုဘာ ၇ ရက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်၌ ကျင်းပသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တပ်မတော်စစ်ဦးစီးချုပ်ရုံး ခေါင်းဆောင်များအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ပူတင်က ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း ဖက်ဒရယ်ဒေသကို သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ အောက်တိုဘာ ၇ ရက်က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ၂၀၂၅ ခုနှစ်တွင် ရုရှားစစ်တပ်က အထူးစစ်ရေးလှုပ်ရှားမှုအတွင်း နယ်မြေ စတုရန်းကီလိုမီတာ ၅,၀၀၀ ခန့်နှင့် လူနေထိုင်ရာနေရာ ၂၁၂ ခုကို ထိန်းချုပ်ခဲ့ရာ အထူးစစ်ရေးလှုပ်ရှားမှုဒေသ၏ မဟာဗျူဟာ ကိုယ်ပိုင်စွမ်းဆောင်နိုင်သည့်အခွင့်အာဏာကို အပြည့်အဝ လက်ကိုင်ထားကြောင်း ၎င်းက ကာကွယ်ရေးဝန်ကြီးဌာနနှင့် တပ်မတော်စစ်ဦးစီးချုပ်ရုံး ခေါင်းဆောင်များအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရုရှားစစ်တပ်၏ တာဝန်မှာ ရုရှားနိုင်ငံသား၊ နိုင်ငံ့မဟာဗျူဟာအဆောက်အဦနှင့် စွမ်းအင်အဆောက်အဦ အပါအဝင် အရပ်သုံးအခြေခံအဆောက်အဦများ၏ လုံခြုံရေးကို အာမခံရန် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားစစ်တပ်အနေဖြင့် အထူးစစ်ရေးလှုပ်ရှားမှု၏ ရည်မှန်းချက်အားလုံးကို ခြွင်းချက်မရှိ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။

စစ်တပ်၏ တိကျမှုမြင့်မားသည့် လက်နက်၊ ဒုံးကျည်၊ ခဲယမ်းနှင့် စစ်ရေးသုံးပစ္စည်းများ လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန်အတွက် စစ်ဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်ရေးဌာနများအနေဖြင့် လက်နက်ပုံစံသစ်များကို ပို၍လျင်မြန်စွာ သုတေသနပြုထုတ်လုပ်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ (Xinhua)

——————
(Chinese Version)
普京称俄军将实现特别军事行动所有目标
新华社莫斯科10月8日电 俄罗斯总统普京7日在圣彼得堡主持召开国防部和武装力量总参谋部领导层会议时表示,俄军将实现特别军事行动的所有目标。
据克里姆林宫网站7日发布的消息,普京当天视察了俄罗斯西北联邦区。他在国防部和武装力量总参谋部领导层会议上说,2025年俄军在特别军事行动中控制约5000平方公里的土地和212个居民点,完全掌握着特别军事行动区的战略主动权。
普京说,俄军的任务是确保俄罗斯公民、国家战略设施和包括能源设施在内的民用基础设施的安全。普京强调,俄军将无条件实现特别军事行动的所有目标。他还要求军工部门以更快速度研发新式武器,更好地满足军队对高精度武器、导弹、弹药和军事装备的需求。(完)
1. 10月2日,在俄罗斯索契,俄罗斯总统普京出席俄智库瓦尔代国际辩论俱乐部第22届年会全体会议并发表讲话。新华社记者 郝建伟 摄