International Organizations
ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဒဏ်ရာရထားသည့် Dean Huijsen နေရာတွင် Aymeric Laporte ကို စပိန်အသင်းအစားထိုး

မက်ဒရစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ဂျော်ဂျီယာအသင်းနှင့် ဘူလ်ဂေးရီးယားအသင်းတို့နှင့်ယှဥ်ပြိုင်ကစားရမည့် လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် စပိန်ဘောလုံးအသင်းနည်းပြ လူးဝစ်ဒီလာဖွန်တီက စပိန်အသင်းမှ ဒဏ်ရာရထားသည့် Dean Huijsen ၏ နေရာတွင် အစားထိုးရန် အက်သလက်တစ် ဘီဘာအိုအသင်း နောက်ခံလူ Aymeric Laporte ကိုခေါ်ယူခဲ့သည်။
ယင်းနေ့မတိုင်ခင်နှစ်ရက်က စပိန်ဘောလုံးအဖွဲ့ချုပ် ရုံးချုပ်သို့ရောက်ရှိပြီးနောက် ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံကစားသမား Huijsen သည် ကြွက်သားအားနည်းခြင်းကြောင့် အောက်တိုဘာ ၈ ရက်နံနက်တွင် အသင်းလူစာရင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
စပိန်အသင်းနှင့် ပွဲပေါင်း ၄၀ ကစားခဲ့ပြီး ပြင်သစ်နိုင်ငံတွင်မွေးဖွားခဲ့သူ Laporte ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာမှစ၍ အသင်းလူစာရင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းသည် လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ဂျော်ဂျီယာအသင်းနှင့် Elche မြို့တွင် ရင်ဆိုင်ကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် ဘူလ်ဂေးရီးယားအသင်းကို ၎င်း၏ အိမ်ကွင်း၌ လက်ခံ ယှဥ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)
………………….
(English Version)
Aymeric Laporte replaces injured Dean Huijsen in Spain squad for World Cup qualifiers
MADRID, Oct. 8 (Xinhua) — Spain coach Luis de la Fuente has called Athletic Club Bilbao defender Aymeric Laporte to replace the injured Dean Huijsen for Spain’s forthcoming World Cup qualifying matches against Georgia and Bulgaria.
Real Madrid central defender Huijsen dropped out of the squad on Wednesday morning after arriving at the headquarters of the Spanish Football Federation (RFEF) with muscle fatigue two days earlier.
It is the first time that French-born Laporte, who has played for Spain 40 times, has been called into the squad since November 2024.
Spain will face Georgia in Elche on Saturday, before hosting Bulgaria in Valladolid on Tuesday.
Photo : Liverpool’s Sadio Mane (R) vies with Manchester City Aymeric Laporte during the UEFA Champions League quarterfinal second leg soccer match between Manchester City and Liverpool in Manchester, Britain, on April 10, 2018. (Xinhua)