Connect with us

China

တရုတ်အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၌ လမ်းပန်းဆက်သွယ်ရေးဖြင့် သွားလာသူ အကြိမ်ရေ ၂.၄၃၃ ဘီလီယံဖြင့် စံချိန်သစ်တင်

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ရထားဘူတာ၌ လက်မှတ်စစ်စက်အား ဖြတ်သန်းသွားသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ယခုနှစ် တရုတ်အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ကာလ (အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၈ ရက်) ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ဒေသဖြတ်ကျော် သွားလာသူ အကြိမ်ရေသည် ၂.၄၃၃ ဘီလီယံရှိပြီး တစ်နေ့လျှင် ပျမ်းမျှ သွားလာသူအကြိမ်ရေ ၃၀၄ သန်း ရှိသောကြောင့် ၂၀၂၄ ခုနှစ် ကာလတူ နေ့စဉ်ပျမ်းမျှနှုန်းထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သတင်းထောက်က အောက်တိုဘာ ၉ ရက်တွင် တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။
အသေးစိတ်ကြည့်မည်ဆိုပါက ရထားလမ်း ခရီးသည်တင်ပို့ဆောင်မှုပမာဏသည် စုစုပေါင်း သွားလာသူအကြိမ်ရေ ၁၅၃.၉၆ သန်းဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သွားလာသူအကြိမ်ရေ ၁၉.၂၄ သန်းဖြစ်ရာ ယမန်နှစ်ကာလတူထက် ၂.၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ရေလမ်း ခရီးသည်တင်ပို့ဆောင်မှုပမာဏအနေဖြင့် စုစုပေါင်း သွားလာသူအကြိမ်ရေ ၁၁.၆၆ သန်း ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သွားလာသူအကြိမ်ရေ ၁.၄၆ သန်း ဖြစ်ရာ ယမန်နှစ်ကာလတူထက် ၄.၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ အရပ်ဘက်လေကြောင်း ပို့ဆောင်ရေး ခရီးသည်တင် ပို့ဆောင်မှုပမာဏမှာမူ စုစုပေါင်း သွားလာသူ အကြိမ်ရေ ၁၉.၁၄ သန်းဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သွားလာသူအကြိမ်ရေ ၂.၃၉ သန်းဖြစ်ရာ ယမန်နှစ်ကာလတူထက် ၃.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပေသည်။
ကားလမ်းတွင် သွားလာသူပမာဏ စုစုပေါင်း (အမြန်လမ်း၊ နိုင်ငံနှင့်ပြည်နယ်အဆင့် ပုံမှန်လမ်းမ၌ စီးပွားဖြစ်မဟုတ်သော အသေးစားခရီးသည်တင်ယာဉ်နှင့် လူပုဂ္ဂိုလ်သွားလာမှု ပမာဏ၊ ကားလမ်းတွင် စီးပွားဖြစ် ခရီးသည်တင် ပို့ဆောင်မှုပမာဏ) သည် သွားလာသူအကြိမ်ရေ ၂,၂၄၈.၄၁ သန်းဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သွားလာသူအကြိမ်ရေ ၂၈၁.၀၅ သန်းဖြစ်ရာ ယမန်နှစ်ကာလတူထက် ၆.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
၎င်းအနက် ကားလမ်းတွင် စီးပွားဖြစ် ခရီးသည်တင် ပို့ဆောင်မှုပမာဏ စုစုပေါင်းသည် သွားလာသူအကြိမ်ရေ ၃၀၆.၇၇ သန်းဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သွားလာသူအကြိမ်ရေ ၃၈.၃၅ သန်းဖြစ်ရာ ယမန်နှစ်ကာလတူထက် ၂.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အမြန်လမ်း၊ နိုင်ငံနှင့်ပြည်နယ်အဆင့် ပုံမှန်လမ်းမများ၌ စီးပွားဖြစ်မဟုတ်သော အသေးစားခရီးသည်တင်ယာဉ်နှင့် လူပုဂ္ဂိုလ် သွားလာမှုပမာဏ စုစုပေါင်းသည် သွားလာသူအကြိမ်ရေ ၁,၉၄၁.၆၄ သန်း ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သွားလာသူအကြိမ်ရေ ၂၄၂.၇၁ သန်း ဖြစ်ရာ ယမန်နှစ် ကာလတူထက် ၇.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
24.33亿人次!国庆中秋假期我国交通出行人数创历史新高
新华社北京10月9日电(记者叶昊鸣)记者9日从交通运输部获悉,今年国庆中秋假期(10月1日至8日),全社会跨区域人员流动量累计24.33亿人次,日均3.04亿人次,比2024年同期日均同比增长6.3%。
具体来看,铁路客运量累计15396万人次,日均1924万人次,同比增长2.6%;水路客运量累计1166万人次,日均146万人次,同比增长4.1%;民航客运量累计1914万人次,日均239万人次,同比增长3.3%。
公路人员流动量累计(包括高速公路及普通国省道非营业性小客车人员出行量、公路营业性客运量)224841万人次,日均28105万人次,同比增长6.6%。其中,公路营业性客运量累计30677万人次,日均3835万人次,同比增长2.9%;高速公路及普通国省道非营业性小客车人员出行量累计194164万人次,日均24271万人次,同比增长7.2%。(完)
图说1:10月7日,在江苏连云港火车站,旅客通过检票闸机。新华社发(耿玉和 摄)