Connect with us

Africa & Middle East

ဟားမက်စ်နှင့် အီဂျစ်တို့ ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေး အရေးကိစ္စ ဆွေးနွေး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် နေရပ်ပြန်လာသော ပါလက်စတိုင်းသားများက ပြင်းထန်စွာပျက်စီးနေသည့် အဆောက်အဦများရှေ့မှ ကျော်ဖြတ်သွားသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အီဂျစ်အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအလွန် လုံခြုံရေး အရေးကိစ္စနှင့် အစ္စရေး အပစ်ရပ်စာချုပ် ဖော်ဆောင်မှု စသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း အီဂျစ်နိုင်ငံ လုံခြုံရေးဌာန သတင်းအရင်းအမြစ်ပုဂ္ဂိုလ်က အောက်တိုဘာ ၁၆ ရက်တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု၏ အဓိကအကြောင်းအရာမှာ ယခင်က အီဂျစ်နှင့် ဂျော်ဒန်၌ လေ့ကျင့်ခဲ့ဖူးသည့် ပါလက်စတိုင်း လုံခြုံရေးဝန်ထမ်း ၁,၀၀၀ ဦးခန့်အား ဖြန့်ကြက်နေရာချထားရန်၊ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဂါဇာကမ်းမြောင်ဒေသ စည်းစနစ်အား ထိန်းသိမ်းရန် ဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ နှစ်ဖက်က ဟားမက်စ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးအဖွဲ့အစည်းမှ နုတ်ထွက်နိုင်ခြေနှင့် အမေရိကန် အဆိုပြုသည့် “အချက် ၂၀ ပါ အစီအစဉ်” အရ လက်နက်ဖျက်သိမ်းရေး စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစ္စရေးအနေဖြင့် ဥရောပသမဂ္ဂ ကူညီရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့တို့ ယင်းနေရာ၌ရှိသည့် အခြေအနေတွင် စက်တင်ဘာ ၁၉ ရက်၌ ရာဖာနယ်စပ်ဂိတ် ပါလက်စတိုင်းဘက်ခြမ်းအား ပြန်လည်ဖွင့်လှစ်ကာ လူနာများနှင့် ခရီးသွားဧည့်သည်များ နှစ်ဖက်သွားလာဖြတ်သန်းမှုအား ခွင့်ပြုသွားရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်းလည်း သတင်းအရင်းအမြစ်ပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဂါဇာကမ်း‌မြောင်ဒေသနှင့် အီဂျစ်နိုင်ငံအား ချိတ်ဆက်ထားသည့် ရာဖာနယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ ဥရောပသမဂ္ဂ ကူညီရေးအဖွဲ့မှ အဆိုပါနယ်စပ်ဂိတ် လည်ပတ်မှုအား ကြီးကြပ်သွားမည်ဖြစ်ပြီး နယ်စပ်ဂိတ်တွင် လူပုဂ္ဂိုလ်နှင့်ယာဉ်များ ဖြတ်သန်းသွားလာမှုကို တစ်ချိန်တည်းတွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မီဒီယာအများအပြားက အောက်တိုဘာ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
သို့သော် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ဂါဇာကမ်းမြောင်ဒေသသို့ ကူညီရေးပစ္စည်းများ ပို့ဆောင်မှုအား ညှိနှိုင်းရန် တာဝန်ယူရသည့် “ပိုင်နက်မြေအတွင်း အစိုးရလှုပ်ရှားမှု ညှိနှိုင်းရေးရုံး” က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ အစ္စရေးနှင့် အီဂျစ် နှစ်ဖက်အနေဖြင့် လိုအပ်သော ပြင်ဆင်မှုလုပ်ငန်းများ အတူတကွလုပ်ဆောင်ပြီးမှသာ နောက်ဆက်တွဲအဆင့်အတွင်း ရာဖာနယ်စပ်ဂိတ်၌ “လူပုဂ္ဂိုလ် ဖြတ်သန်းသွားလာမှု” ခွင့်ပြုမည့် အသေးစိတ်ရက်စွဲအား ထုတ်ပြန်ကြေညာမည်ဟု ဆိုခဲ့သည်။ (Xinhua)

——————-
(Chinese Version)
哈马斯与埃及讨论加沙地带安全问题
新华社开罗10月16日电(记者姚兵)埃及安全部门消息人士16日对新华社记者表示,巴勒斯坦伊斯兰抵抗运动(哈马斯)代表团16日在开罗与埃及官员举行会谈,主要讨论加沙地带战后安全问题以及与以色列实施停火协议等内容。
消息人士说,会谈核心内容是部署约1000名曾在埃及和约旦接受过培训的巴勒斯坦安全人员,在巴勒斯坦民族权力机构监督下维持加沙地带秩序。双方还讨论了哈马斯可能退出加沙地带安全机构以及根据美国提出的“20点计划”解除武装等问题。
据消息人士透露,以色列已同意在欧盟援助团监督和巴勒斯坦民族权力机构小组在场情况下,于19日重新开放拉法口岸巴勒斯坦一侧,允许伤病员和旅客双向通行。
多家媒体15日报道称,连接加沙地带与埃及的拉法口岸计划于16日重新开放,由欧盟援助团监督运行,口岸将对人员和车辆同时开放。但以色列国防部负责协调向加沙地带运送援助物资的“领土内政府活动协调办公室”16日在一份声明中说,以埃双方共同完成必要准备工作后,才会在后续阶段公布拉法口岸开放“人员通行”的具体日期。(完)
图说1:10月12日,在加沙地带南部汗尤尼斯,重返家园的巴勒斯坦人走过严重受损的建筑。新华社发(里泽克·阿卜杜勒贾瓦德摄)