Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အနိုင်ရလဒ်များ ကြေညာလျက်ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့တွင် နိုဝင်ဘာလ ၉ ရက် ညပိုင်း က ရောက်ရှိနေသော ပြည်သူများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ယခု အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုနှင့် ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အနိုင်ရ ကိုယ်စားလှယ်များ၏ ရလဒ်များကို ကြေညာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ကျန်ရှိသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မဲစာရင်း ရလဒ်များကို ဆက်လက် သတင်းထုတ်ပြန် ကြေညာ ပေးသွားမည်ဟု သိရသည်။

ရန်ကုန်မြို ့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့သို့ ယမန်နေ့နိုဝင်ဘာလ ၉ ရက် ညပိုင်း အချိန်တွင် လာရောက် စောင့်ဆိုင်း နေကြသည့် ပြည်သူလူထုအား အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၏ အနိုင်ရလဒ် များကို ကြေညာခဲ့ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ပြည်သူ့လွှတ်တော် ၂၀၁ နေရာ ၊ အမျိုးသား လွှတ်တော်အတွက် ၉၃ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် ၃၃၈ နေရာ အနိုင် ရရှိနေပြီး ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရလဒ် ကြေညာချက်များအရ ရန်ကုန်တိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၄၅ နေရာ ရှိသည့်အနက် ၄၄ နေရာ (၉၇.၇၇ ရာခိုင်နှုန်း) ၊ အမျိုးသား လွှတ်တော် ၁၂ နေရာတွင် ၁၂ နေရာ (၁၀၀ ရာခိုင်နှုန်း) ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၉၀ နေရာတွင် ၈၇ နေရာ (၉၆.၆၇ ရာခိုင်နှုန်း) အနိုင် ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ၈ နေရာတွင် ၇ နေရာ အနိုင် ရရှိထားကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ အနိုင်ရလဒ်များ ကြေငြာခဲ့သည့် တိုင်းဒေသကြီး ၊ ပြည်နယ် ၁၀ ခုမှာ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း ၊ တနင်္သာရီတိုင်း ၊ မကွေးတိုင်း ၊ ကရင်ပြည်နယ် ၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို ဖြစ်ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117