Connect with us

Africa & Middle East

အစ္စရေးစစ်တပ် တင့်ကားက လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား ပစ်ခတ်

လက်ဘနွန်နိုင်ငံ Khiam ဒေသတွင် လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ယာဉ်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အစ္စရေးကာကွယ်ရေးတပ် တင့်ကားတစ်စင်းသည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် လက်ဘနွန်နိုင်ငံအတွင်းရှိ အစ္စရေးစခန်းတစ်နေရာ အနီးတစ်ဝိုက်တွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ကံကောင်းသည်မှာ လူထိခိုက်သေဆုံးမှုမရှိကြောင်း လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) က နိုဝင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များသည် ထိုစဉ်က ခြေလျင်ဖြင့်သွားလာနေခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် အနီးနေရာ၌ မဖြစ်မနေပုန်းခိုခဲ့ရကြောင်း၊ အစ္စရေးစစ်တပ်၏ Merkava တိုက်ခိုက်ရေးပင်မတင့်ကား၏ လက်နက်ကြီးကျည် ကျရောက်ရာနေရာသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များနှင့် ၅ မီတာခန့်သာ ကွာဝေးကြောင်း ကြေညာချက်က ဖော်ပြထားသည်။

UNIFIL ၏ ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များသည် အစ္စရေးစစ်တပ်အား ပစ်ခတ်မှုရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း၊ မိနစ် ၃၀ အကြာတွင် အစ္စရေးစစ်တပ် တင့်ကားသည် စခန်းနေရာသို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်ခဲ့ကြောင်း ကြေညာချက်က ဆိုထားသည်။

အစ္စရေးစစ်တပ်၏ အဆိုပါလုပ်ရပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမှတ် ၁၇၀၁ ဆုံးဖြတ်ချက်အား ချိုးဖောက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် အလေးထား ဖော်ပြထားသည်။ အစ္စရေးစစ်တပ်အနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်အား သို့မဟုတ် ၎င်းတို့အနီးတစ်ဝိုက်ဒေသအား ရည်ရွယ်သော တိုက်ခိုက်မှုလုပ်ဆောင်ချက်မှန်သမျှ ရပ်တန့်ရန် ကြေညာချက်တွင် ထပ်မံတိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)
以军坦克向联黎部队维和人员开火
新华社贝鲁特11月16日电(记者曹昌浩 申峰)联合国驻黎巴嫩临时部队(联黎部队)16日说,以色列国防军一辆坦克当天早晨在以军设在黎巴嫩境内一处阵地附近向维和人员开火,所幸未造成人员伤亡。
声明说,维和人员当时正在徒步行进,遇袭后被迫就近躲避,以军“梅卡瓦”主战坦克重机枪的弹着点离维和人员仅约5米远。
声明说,通过联黎部队的联络渠道,维和人员要求以军停止射击。约30分钟后,以军坦克撤回阵地,维和人员得以安全离开。
声明强调,以军此举严重违反联合国安理会第1701号决议。声明再次呼吁以军停止针对维和人员或在其附近地区采取任何攻击性行为。(完)
图说:这是2024年12月12日在黎巴嫩希亚姆地区拍摄的联合国驻黎巴嫩临时部队车辆。新华社发(塔希尔·阿布·哈姆丹摄)