Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် တစ်ယောက်လျော့ ချဲလ်ဆီးနှင့် အာဆင်နယ် သရေကျခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ အီဘာရီချီ အီဇီ (ယာ) နှင့် ချဲလ်ဆီးအသင်းမှ မွိုက်စ် ကိုင်စီဒိုတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ချဲလ်ဆီးအသင်း၏အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်၌ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ကာ အဆိုပါပွဲစဉ်၌ ချဲလ်ဆီးက တစ်ယောက်လျော့ဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။

ပွဲချိန် ၃၈ မိနစ်တွင် ချဲလ်ဆီးအသင်းမှ မွိုက်စ် ကိုင်စီဒိုက မစ်ကယ် မယ်ရီနိုအား ဖျက်ထုတ်ပုံကြမ်းခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရသော်လည်း ၁၀ မိနစ်အကြာတွင် ရိစ်ဂျိမ်းစ်၏ ထောင့်ကန်ဘောကန်တင်ပေးမှုကို ထရီဗို ချာလိုဘာက ပိတ်သွင်းခဲ့ရာ ချဲလ်ဆီး ဦးဆောင်ဂိုးရရှိခဲ့သည်။ သို့သော် ဘူကာယို ဆာကာ၏ ဖြတ်တင်ဘောမှတစ်ဆင့် မယ်ရီနိုက ခေါင်းတိုက်ကာ အာဆင်နယ်အတွက် ချေပဂိုးပြန်လည်သွင်းယူသွားခဲ့ပြီး ချဲလ်ဆီးအနေဖြင့် အကြိတ်အနယ်ရှိသော အဆိုပါပွဲစဉ်၌ လက်ကျန်ပွဲချိန်မိနစ် ၃၀ ကို တောင့်ခံကစားနိုင်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်တွင် ပဲလေ့စ်၏အိမ်ကွင်း ဆဲလ်ဟက်စ်ပါ့ခ်၌ နိုင်ပွဲရယူရန် ငါးနှစ်ကြာစောင့်ဆိုင်းခဲ့ရခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။ ဂျင်န်-ဖိလစ် မာတေတာက ပထမပိုင်းတွင်ရရှိခဲ့သည့် ပင်နယ်တီအား နှစ်ကြိမ်ကန်သွင်းကာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ဂျိုရှူအာ ဇက်ခ်ဇီးနှင့် မေဆင်မောင့်တို့က သွင်းယူခဲ့သည်။
အခြားပွဲစဉ်တွင် လီဗာပူးလ်က ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိုပွဲစဉ်၌ နည်းပြအာနယ်ဆလော့က ပရီးမီးယားလိဂ်တွင် ၎င်းကိုင်တွယ်ခဲ့သည့်တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မိုဟာမက် ဆာလာအား အရန်ခုံ၌သာထားရှိခဲ့သည်။ ပွဲချိန် ၆၀ မိနစ်တွင် အလက်ဇန်းဒါး အီဆက်ခ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၈၄ မိနစ်တွင် ဝက်စ်ဟမ်းအသင်းမှ လူးကက်စ် ပါကယ်တာ ထုတ်ပယ်ခံရပြီးနောက် နာကျင်အချိန်ပိုတွင် ကိုဒီ ဂတ်ပိုက အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့သည်။

မစ်ဒ်လန်းစ်ဒါဘီပွဲစဉ်၌ အက်စတွန်ဗီလာက ဘူဘက်ကာ ကာမာရာ၏သွင်းဂိုးကြောင့် ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အဆိုပါသွင်းဂိုးမှာ အသင်းအတွက် ကာမာရာ၏ ဒုတိယမြောက်သွင်းဂိုးလည်းဖြစ်သည်။ ဘရိုက်တန်ကလည်း နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဆင့်-၅ သို့ တက်လှမ်းနိုင်ခဲ့ကာ အနိုင်ဂိုးများကို ပထမပိုင်းတွင် မက်ဆင် ဒီကူပါကလည်းကောင်း၊ ပွဲချိန်နှောင်းပိုင်းတွင် အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားလေး စတီဖာနော့စ် ဇီမက်စ်ကလည်းကောင်း အသီးသီးသွင်းယူခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းမှ မွိုက်စ် ကိုင်စီဒို (ဝဲ) အား အနီကတ်ပြသခံရပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ မစ်ကယ် မယ်ရီနို ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………….
(English Version)
Ten-man Chelsea frustrates Arsenal, Man Utd beats Crystal Palace
LONDON, Nov. 30 (Xinhua) — Premier League leader Arsenal was held to a 1-1 draw by 10-man Chelsea at Stamford Bridge on Sunday.
Moises Caicedo was sent off in the 38th minute for a studs-up challenge on Mikel Merino, but Chelsea went ahead 10 minutes later when Trevoh Chalobah glanced in Reece James’ corner. Arsenal leveled after the break as Merino powered in a header from Bukayo Saka’s cross, and Chelsea held on for the final half-hour in a bad-tempered match.
Manchester United came from behind to win 2-1 at Crystal Palace, ending a five-year wait for a league victory at Selhurst Park. Jean-Philippe Mateta put Palace ahead with a twice-taken first-half penalty, before Joshua Zirkzee equalized and Mason Mount struck the winner.
Liverpool won 2-0 at West Ham as coach Arne Slot left Mohamed Salah on the bench for the first time in a league match under his tenure. Alexander Isak broke the deadlock in the 60th minute, and Cody Gakpo sealed the points in stoppage time after Lucas Paqueta was sent off in the 84th.
Aston Villa edged Wolverhampton Wanderers 1-0 in the Midlands derby thanks to Boubacar Kamara’s second goal for the club, while Brighton moved into European places with a 2-0 home win over Nottingham Forest through goals from Maxim De Cuyper on halftime and 19-year-old Stefanos Tzimas late on.
English Caption 1
Eberechi Eze (R) of Arsenal vies with Moises Caicedo of Chelsea during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)
English Caption 2
Moises Caicedo (L) of Chelsea reacts after being shown the red card during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)
English Caption 3
Mikel Merino of Arsenal celebrates scoring with teammates during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)