Asia
MH370 လေယာဥ်ရှာဖွေမှု ဒီဇင်ဘာတွင် ပြန်လည်စတင်မည်ဟု မလေးရှားနိုင်ငံကဆို
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
မလေးရှားလေကြောင်းလိုင်းခရီးစဥ် MH370 လေယာဥ် ကို ရှာဖွေမှုများ ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။သမုဒ္ဒရာစူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity ရက်ပေါင်း ၅၅ ရက်ကြာ ပင်လယ်ကြမ်းပြင်ရှာဖွေရေး လုပ်ဆောင်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ရှာဖွေမှုကို မလေးရှားအစိုးရနှင့် Ocean Infinity တို့ ၂၀၂၅ ခုနှစ် မတ် ၂၅ တွင်အစပြုခဲ့သည့် ဝန်ဆောင်မှု လုပ်ဆောင်ခွင့်စာချုပ်အရ လေယာဥ်တည်ရှိနိုင်သည့် အဖြစ်နိုင်ဆုံးဟု သတ်မှတ်ထားသော ပစ်မှတ်ထားဧရိယာများတွင်လုပ်ဆောင်မည်” ဟု ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားခဲ့ပြီး မလေးရှားအစိုးရအနေဖြင့် ထိခိုက်ခဲ့ရသည့် မိသားစုများအတွက် အဆုံးသတ်အခြေအနေ ဖော်ပြပေးနိုင်ရေးကို ဆက်လက်ထိန်းသိမ်းထားရှိပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
MH370 လေယာဥ်ပျောက်ဆုံးမှုသည် ၂၀၁၄ ခုနှစ် မတ် ၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်ရာ မတော်တဆမှုတစ်ခုအဖြစ် အဆိုပါလေယာဥ်မှာ မလေးရှားနိုင်ငံကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းသို့ ပျံသန်းလာရာတွင် လေယာဥ်ပေါ်လိုက်ပါလာသူ ၂၃၉ ဦးနှင့်အတူ ရေဒါဖန်သားပြင်များပေါ်မှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ (Xinhua)
……….
(English Version)
Malaysia says search for flight MH370 to resume in December
KUALA LUMPUR, Dec. 3 (Xinhua) — The search for Malaysia Airlines flight MH370 will resume on Dec. 30, the Transport Ministry said on Wednesday.
Exploration firm Ocean Infinity will recommence seabed search operations intermittently for a total of 55 days, the ministry said in a statement.
“The search will be carried out in (the) targeted area assessed to have the highest probability of locating the aircraft, in accordance with the service agreement entered between the government of Malaysia and Ocean Infinity on March 25, 2025,” it said, adding that the Malaysian government remains committed to providing closure to the families affected.
The disappearance of MH370 was a tragic accident that occurred on March 8, 2014, when the plane, en route from Kuala Lumpur to Beijing, China, vanished from radar screens with all 239 people on board.
Photo : Photo : Students watch a three-dimensional graffiti as a way of sympathizing to the missing Malaysian Airlines flight MH370 at a school in Makati City, the Philippines, March 17, 2014. (Xinhua/Rouelle Umali)
Continue Reading
