China
ဟန်ကျိန့်နှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ဒီဇင်ဘာ ၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟန်ကျိန့်က ဂျာမနီအစိုးရအသစ် ထူထောင်ချိန်မှစ၍ တရုတ်-ဂျာမနီနှစ်နိုင်ငံ အဆင့်မြင့်အလွှာဆက်ဆံရေးသည် နီးကပ်စွာ ထိန်းသိမ်းထားခဲ့ကြောင်း၊ ယခုနှစ် မေလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် Friedrich Merz တို့သည် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး တရုတ်-ဂျာမနီဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းစေရေးအတွက် မဟာဗျူဟာ ဦးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်-ဂျာမနီသည် အပြန်အလှန်၏ အရေးပါသော ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များဖြစ်ကြပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးပါသော သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှု အားကောင်းစေရန်၊ တရုတ်-ဂျာမနီ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းမြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများအနက် အချက်အချာဖြစ်ပြီး ဂျာမနီနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလိုက်နာမည်ဟု မျှော်လင့်ကြောင်း၊ ဂျာမနီနိုင်ငံသည် ဥရောပသမဂ္ဂ၏ အဓိကအင်အားကြီးနိုင်ငံတစ်ခုဖြစ်ရာ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးမည်ကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Wadephul က ဂျာမနီအစိုးရအသစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ဆက်ဆံရေး နီးကပ်စေရန်၊ ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုတစ်ဆင့်တိုး နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အားကိုးစိတ်ချရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် ရပ်တည်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
韩正会见德国外长瓦德富尔
新华社北京12月8日电 12月8日,国家副主席韩正在北京会见德国外长瓦德富尔。
韩正表示,德国新政府成立以来,中德两国高层保持密切互动。今年5月,习近平主席同默茨总理通电话,就进一步深化中德关系作出战略引领。中德互为重要经贸合作伙伴,双方合作互利共赢。中方愿同德方落实好两国领导人重要共识,加强沟通对话,推动中德全方位战略伙伴关系迈上新台阶。台湾问题是中国核心利益中的核心,希望德方恪守一个中国原则。德方是欧盟核心大国,期待德方为推动中欧关系健康发展发挥积极作用。
瓦德富尔表示,德国新政府高度重视发展对华关系,坚定奉行一个中国政策。期待同中方密切高层交往,进一步深化全方位合作。德国愿做中国的可靠合作伙伴。(完)
图说:12月8日,国家副主席韩正在北京会见德国外长瓦德富尔。 新华社记者 李涛 摄
