Connect with us

Europe

ဥရောပသမဂ္ဂက ယူရို ၉၃ ဘီလီယံစည်းကြပ်ခွန်ဖြင့် ထရမ့်၏ “ဂရင်းလန်းကျွန်း လုယူမည့်” ခြိမ်းခြောက်မှုအား တန်ပြန်လုပ်ဆောင်နိုင်ခြေရှိ

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk တွင် အမေရိကန်က ဂရင်းလန်းကျွန်းအား “ထိန်းချုပ်ရန်” သို့မဟုတ် “ဝယ်ယူရန်” ကြိုးပမ်းမှုအား စုဝေးဆန္ဒပြနေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

လန်ဒန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းအား ရယူရန်အတွက် ဥရောပ ၈ နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းအား တန်ပြန်လုပ်ဆောင်ရန် ဥရောပသမဂ္ဂ နိုင်ငံများစွာက အမေရိကန်မှ ဥရောပသို့ တင်ပို့သည့် တန်ဖိုး ယူရို ၉၃ ဘီလီယံရှိသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ထပ်တိုးကောက်ခံခြင်း သို့မဟုတ် ဥရောပသမဂ္ဂဈေးကွက်သို့ အမေရိကန်လုပ်ငန်းကုမ္ပဏီများ ဝင်ရောက်မှုကို ကန့်သတ်ခြင်းတို့ လုပ်ဆောင်ရန် စဉ်းစားနေသည်ဟု ဗြိတိန် Financial Times က ဇန်နဝါရီ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါစည်းကြပ်ခွန်စာရင်းကို ယမန်နှစ်ကတည်းက သတ်မှတ်ပြီးဖြစ်ကြောင်း၊ သို့သော် ဥရောပ-အမေရိကန်အကြား ဘက်စုံကုန်သွယ်ရေးစစ်ပွဲအား ရှောင်ကြဉ်ရန်အတွက် ယာယီဆိုင်းငံ့ခဲ့ရာ ဆိုင်းငံ့ကာလသည် ဖေဖော်ဝါရီ ၆ ရက်အထိဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံ၏ ဥရောပသမဂ္ဂရုံးချုပ်အခြေစိုက် ကိုယ်စားလှယ်များက ဇန်နဝါရီ ၁၈ ရက်တွင် အစည်းအဝေးကျင်းပ၍ အဆိုပါစာရင်းအား ပြန်လည်စတင်မည်လောကို ဆွေးနွေးခဲ့သည့်အပြင် အကျပ်ကိုင်မှုတန်ပြန်ရေး ကိရိယာကိုလည်း စတင်အသုံးပြုမည်လောကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထက်ပါအစီအမံများ သတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ မကြာမီ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ဥရောပအကြီးအကဲများက ထရမ့်နှင့် တွေ့ဆုံဆွေးနွေးချိန်၌ စေ့စပ်ညှိနှိုင်းရာတွင် အပေးအယူအဖြစ် သဘောထားရန်ဖြစ်ကြောင်း တန်ပြန်လုပ်ဆောင်ချက် ပြင်ဆင်မှုတွင် ပါဝင်ခဲ့သည့် အရာရှိအချို့က ပြောကြားခဲ့သည်။
ဥရောပအနေဖြင့် အမေရိကန်က အမှန်တကယ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည်လောအား စောင့်ကြည့်ရန် ဖေဖော်ဝါရီ ၁ ရက်အထိ စောင့်ဆိုင်းပြီးမှ တန်ပြန်မှုလုပ်ဆောင်ခြင်း၊ မလုပ်ဆောင်ခြင်းအား ဆုံးဖြတ်ရန် မျှော်လင့်ကြောင်း၊ ဥရောပအနေဖြင့် ရှေးဦးစွာ တန်ပြန်လုပ်ဆောင်ချက် ခြိမ်းခြောက်မှုအား ဖော်ပြခြင်းဖြင့် အမေရိကန်ပြည်တွင်း၌ မတူညီသောနိုင်ငံရေးပါတီများ ဖိအားဖြစ်လာပြီး ထိုမှတစ်ဆင့် ထရမ့်က စည်းကြပ်ခွန်တိုးမြှင့်မှု ဆုံးဖြတ်ချက်အား ရုပ်သိမ်းသွားရန် မျှော်လင့်ကြောင်း အဆိုပါအရာရှိများကဆိုသည်။

အမည်မဖော်လိုသည့် ဥရောပနိုင်ငံ သံတမန်အရာရှိတစ်ဦးက ထရမ့်သည် “အရိုးစင်းဆုံးဖြစ်တဲ့ မာဖီးယားပုံစံ နည်းလမ်းကို အသုံးပြုတာ” ဖြစ်ကြောင်း၊ သို့သော် ဥရောပသမဂ္ဂအနေဖြင့် လူသိရှင်ကြားအဆင့်တွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခြင်းဖြင့် ထရမ့်ကို “သိက္ခာရှိရှိ နောက်ဆုတ်နိုင်ဖို့” အခွင့်အရေးတစ်ခု ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“အခုအခြေအနေက နောက်ထပ် လိုက်လျောအလျှော့ပေးဖို့ ခွင့်မပြုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဂရင်းလန်းကျွန်းကို လွှဲပေးဖို့ မဖြစ်နိုင်လို့ပါ။ သူ (ထရမ့်) က ပန်ဒိုရာသေတ္တာကို အခုလေးတင် ဖွင့်လိုက်တယ်ဆိုတာကိုလည်း အသိဉာဏ်ရှိတဲ့ အမေရိကန်ပြည်သူတိုင်းက သိပါတယ်” ဟု အခြားဥရောပအရာရှိတစ်ဦးက ဆိုသည်။

အမေရိကန်သည် ဖေဖော်ဝါရီ ၁ ရက်မှစကာ အမေရိကန်သို့ တင်ပို့သည့် ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံမှ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း၊ ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်နှုန်းထားကို ဇွန်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်ရာ ယင်းသည် သက်ဆိုင်ရာဘက်အနေဖြင့် အမေရိကန်က “ဂရင်းလန်းကျွန်းအား ဘက်စုံ အပြည့်အဝ ဝယ်ယူမှု” အတွက် သဘောတူညီချက် ရရှိပြီးသည်အထိ ဖြစ်ကြောင်း ထရမ့်က ဇန်နဝါရီ ၁၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ (Xinhua)

ဘယ်လ်ဂျီယမ် ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် အဆောက်အဦကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
英媒:欧盟或以930亿欧元关税反制特朗普“夺岛”威胁
新华社伦敦1月18日电(记者赵家淞 丁英华)据英国《金融时报》18日报道,欧盟多国正考虑对价值930亿欧元的美国输欧商品加征关税,或者限制美国企业进入欧盟市场,以反制美国总统特朗普为得到格陵兰岛而对欧洲8国加征关税。
报道说,这份关税清单去年就已拟定,但为了避免欧美之间全面贸易战而暂缓执行,暂缓有效期截止于2月6日。18日,欧盟27个成员国常驻欧盟总部代表开会讨论是否重新启动这份清单,也讨论了是否启用反胁迫工具。
一些参与反制准备的官员说,制定上述措施,目的是为欧洲领导人在即将于瑞士达沃斯举行的世界经济论坛年会期间与特朗普会晤时提供谈判筹码。
这些官员说,欧洲方面希望等到2月1日,看美国是否会真的加征关税,再决定是否实施反制。欧洲希望通过先展示反制威胁,在美国国内形成跨党派压力,促使特朗普收回加税决定。
一名不愿公开姓名的欧洲国家外交官说,特朗普“用的是纯粹的黑手党式手段”,但欧盟希望在公开层面呼吁冷静,给特朗普一个“下台阶”的机会。
另一名欧洲官员说:“现在的局势已经不再允许妥协,因为我们不可能把格陵兰岛交出去。理智的美国人也知道,他(特朗普)刚刚打开了潘多拉的盒子。”
特朗普17日在社交媒体上发文,宣布美国将从2月1日起对丹麦、挪威、瑞典、法国、德国、英国、荷兰和芬兰的输美商品加征10%关税;加征关税的税率将从6月1日起提高至25%,直到相关方就美国“全面、彻底购买格陵兰岛”达成协议。(完)
1、2026年1月17日,人们在丹麦自治领地格陵兰岛首府努克参加示威游行。当日,丹麦本土与格陵兰岛多地举行示威游行,抗议美国企图“控制”或“购买”格陵兰岛。新华社发(孔斯豪格摄)
2、这是2024年10月4日在比利时布鲁塞尔拍摄的欧盟委员会大楼。新华社记者赵丁喆摄