Connect with us

Local

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်း စီမံကိန်း ၈၄ ခု သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် မဆောင်ရွက် နိုင်ကြောင်း တွေ့ရှိရ ဟုဆို

ပြည်သူ့ လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်း စီမံကိန်းများ အနက် ဝန်ကြီးဌာန ၆ ခုမှ စီမံကိန်း ၈၄ ခုကို သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် မဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း အမျိုးသား စီမံကိန်းနှင်‌့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ယနေ့နိုဝင်ဘာ ၁၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု အစိုးရသည် လုပ်ငန်း စီမံကိန်းများ အရည်အသွေး ပြည့်မီစွာ သတ်မှတ် ကာလအတွင်း ပြီးစီးရေးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင်‌့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့အလိုက် ဖွဲ့စည်းထားသည့် လုပ်ငန်း စစ်ဆေးရေး ကော်မတီများမှ တင်ဒါ အောင်မြင်သော ကုမ္ပဏီများကို လုပ်ငန်းများ အချိန်မီ ပြီးစီးအောင် စိစစ် ကြပ်မတ်ခြင်း၊ စံချိန် စံညွှန်း မီအောင် ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးလျက် ရှိပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ဌာနများသည် ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို တင်ဒါအောင်သည့် ကုမ္ပဏီနှင့် အပ်နှံ စာချုပ် ချုပ်ဆိုသည့်အခါ ပြီးစီးရမည့် ကာလ၊ လိုအပ်သည့် စံချိန် စံညွှန်းများကို ထည့်သွင်း ချုပ်ဆိုပြီး သတ်မှတ်ချိန် အတွင်း လုပ်ငန်းပြီးစီးမှု မရှိသည့် ကုမ္ပဏီများကို ချုပ်ဆိုထားသည့် တင်ဒါ စာချုပ်ပါ စည်းကမ်းများ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးမြန်းမှုကို ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့အတူ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်း ဇူလိုင်လမှ စပြီး ခရိုင် ၃၈ ခရိုင်အတွင်း ဝန်ကြီး ဌာနများမှ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် လုပ်ငန်း စီမံကိန်း ၅,၁၀၉ ခု၏ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို မြေပြင် ကွင်းဆင်း စိစစ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117