Connect with us

Politics, Law & Military

ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ တိုက်တွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားတွေ့ရစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ သဝဏ်လွှာတွင် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများအကြားပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးခံယူချက် ကွဲပြားခြင်း၊ အချင်းချင်းသံသယထားခဲ့ခြင်းကြောင့် ပြည်တွင်း ပဋိပက္ခတွေ ကာလရှည် ဖြစ်ပေါ်ခဲ့ပြီး ဒီနေ့ထိ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ရစ်ခဲ့ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖွံ့ဖြိုးတိုးတက်လာစေရန် သမိုင်းကြောင်း သင်ခန်းစာများသင်ယူပြီး လက်တွဲကြိုးပမ်း တည်ဆောက်မှဘဲ မျိုးဆက်သစ်များအတွက် စည်းလုံးညီညွတ်ပြီး အေးချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ကောင်းမွန်သော အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။”အမျိုးသားရေးစိတ်ဓာတ်အရင်းခံပြီး လွတ်လပ်ရေးအရယူနိုင်ခဲ့လို့ ဒီနေ့မှာ ပြည်ထောင်စုဖွား တမျိုးသားလုံးအနေနဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ ပြည်ထောင်စုကြီးအတွင်း လွတ်လွတ်လပ်လပ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေကြရတာ”ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။(Xinhua)」


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117