Connect with us

Local

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင်းရှိ အားသာချက်များ အသုံးချပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဒုဝန်ကြီး တိုက်တွန်း

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအစည်းအဝေး ကျင်းပစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ပထဝီအနေအထားအရ အားသာချက်များကို အသုံးချ၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက တိုက်တွန်းပြောကြားသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်နိုင်မည့် အလားအလာကောင်းများ ရှိကြောင်း ၎င်းကဆိုသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ MSMEs အေဂျင်စီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို မွန်ပြည်နယ်တွင်း ကျင်းပခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မွန်ပြည်နယ် MSMEs အေဂျင်စီ ဥက္ကဋ္ဌ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်၊ ကရင်ပြည်နယ်၊ MSMEs အေဂျင်စီ ဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော် တို့က အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117