Connect with us

Local

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ-၂၀၁၉ တွင် လေလံစနစ်ဖြင့် ရောင်းချခြင်း အစီအစဉ် ပါဝင်မည်

ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ပြပွဲအကြောင်း ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဒုတိယ အကြိမ် ကျင်းပ ပြုလုပ်မည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ-၂၀၁၉ တွင် ကျောက်မျက် ရတနာများ ပုံမှန် ရောင်းချခြင်းများ အပြင် လေလံစနစ်ဖြင့် ရောင်းချခြင်း အစီအစဉ်လည်း ပါဝင်မည် ဖြစ်ကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)မှ သိရသည်။

“ဒီနှစ်ပွဲမှာ ထူးခြားချက် အနေနဲ့က အသေးစား လေလံတင် ရောင်းချမှု တစ်ရပ်ကို အထူး ရောင်းချမှု အဖြစ် တင်ပြထားပါတယ်။မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျောက်မျက် အတွဲပေါင်း ၁၀၀ ခန့်ကို အသေးစား လေလံတင် ရောင်းချသွားမှာပါ။ကြမ်းခင်းဈေးကို အမေရိကန် ဒေါ်လာ ၂ သောင်းနဲ့ အထက် သတ်မှတ်ထားပါတယ်။”ဟု ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)မှ ဒုတိယ ဥက္ကဌ(၄) ဒေါ်မြင့်သက်နိုင်က ပြောကြားသည်။

ပြပွဲ နှင့် ပက်သတ်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ပထမ အကြိမ် ကျင်းပခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲသို့ ပြည်တွင်း/ပြည်ပမှ ရတနာ ကုန်သည် ၇၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ယခုနှစ် ပြပွဲမှာ ဒုတိယ အကြိမ် ဖြစ်သည့် အတွက် နိုင်ငံတကာမှ ကျောက်မျက်ရတနာ ကုန်သည်များလည်း ပို၍ စိတ်ဝင်တစား လာရောက်ကြမည်ဟု မျှော်လင့်ထားကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါ ပြပွဲ နှင့် အတူ လက်ဖြင့်ရေးဆွဲသည့် လက်ဝတ်ရတနာဒီဇိုင်း နှင့် လက်ဝတ်ရတနာ အချောထည် ဒီဇိုင်း ပြိုင်ပွဲ ၂ မျိုးကိုလည်း ကျင်းပသွားမည် ဖြစ်ပြီး ပြပွဲ အတွင်း ပြည်တွင်းပြည်ပမှ ကျောက်မျက် ပညာရှင်များကို ဖိတ်ခေါ်၍ ကျောက်မျက် ပညာရပ်ဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ဖြစ်သည့် Workshop များ ၊ Seminar များကိုလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲအား ဒုတိယ အကြိမ် အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက် အထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ရာ ပြပွဲနှင့် ပတ်သတ်သည့် အရောင်းအရာများအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ပြပွဲ ကျင်းပရသည့် ရည်ရွယ်ချက် အဖြစ် ပြည်တွင်း၌ ကျောက်မျက် ရတနာ အချောထည် ဈေးကွက်ရာခိုင်နှုန်းပြည့် ဖြစ်ထွန်း ပေါ်ပေါက် စေရေး နှင့် သယံဇာတမှ ရရှိသည့် ရတနာ အခွန်များဖြင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်လိုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပြပွဲအား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)သည် သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှု ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုး ကူညီမှုတို့ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲအား ပထမ အကြိမ် အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117