North America
ပလတ်စတစ်မှ ဓာတ်မြေဩဇာအထိ၊ ဟော်မုဇ်ရေလက်ကြား၏ ပိတ်ဆို့မှုက အမေရိကန် ပီဇာကို မည်သို့ ဈေးတက်စေသနည်း
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြား “ပိတ်ဆို့မှု” ဖြစ်ပွားခဲ့ပြီး ယင်းသက်ရောက်မှုသည် ရေနံ၊ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ပြတ်တောက်သည်ထက် ကျော်လွန်ကာ တစ်ကမ္ဘာလုံး ကုန်စည်ပို့ဆောင်မှု၊ ဓာတုစက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း စသည့် သက်ရောက်ရာလုပ်ငန်းများစွာကိုပင် အန္တရာယ်ဖြစ်စေသည်။ အဆိုပါသက်ရောက်မှုများက မည်ကဲ့သို့ ဖြစ်ပွားလာသနည်း။
အမေရိကန်တွင် ပီဇာသည် တွေ့ရအများဆုံး အစားအစာတစ်မျိုးပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ အခြေအနေကြောင့် အမေရိကန် ကုန်ဈေးနှုန်း မြင့်တက်လာစေသည်ဟု သုံးသပ်သူပုဂ္ဂိုလ်များစွာက ဆိုသည်။ ထောက်ပံ့ရေးကွင်းဆက်၏ နောက်ဆုံးအဆင့်ဖြစ်သော စားသုံးကုန်အနေဖြင့် ပီဇာသည် အဘယ်ကြောင့် ဈေးတက်သွားရသနည်း။ လက်ရှိတစ်ကမ္ဘာလုံး စီးပွားရေးတွင် ထိုးနှက်ခံရမှုကို အဆိုပါစားသုံးကုန်မှတစ်ဆင့် မည်သို့ ခံစားသိရှိနိုင်သနည်း။
မည်သည့်ပစ္စည်းများ ဈေးတက်သွားသနည်း
ဟော်မုဇ်ရေလက်ကြား “ပိတ်ဆို့မှု” ကြောင့် ပို့ဆောင်ရမည့်ပစ္စည်းများ ပို့ဆောင်နိုင်ခြင်းမရှိဘဲ လုပ်ငန်းများစွာ၏ ပုံမှန်လည်ပတ်မှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်ခဲ့သည်။ အမေရိကန် စားသုံးသူများ ဝယ်ယူသည့် ပီဇာဖြင့် ဥပမာပေးရမည်ဆိုလျှင် လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ ကုန်စည်ပို့ဆောင်မှု၊ အသုံးပြုကုန်ကြမ်းပစ္စည်းအရင်းအနှီးများ တစ်ဟုန်ထိုး မြင့်တက်သွားမည်ဖြစ်သည်။
“ကုန်တင်ကားတွေမရှိရင် အမေရိကန် ရှေ့ဆက်မတက်နိုင်ဘဲ ရပ်နေမှာ။” အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် အမေရိကန် ယူးတားပြည်နယ် ကုန်တင်ကား ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီပိုင်ရှင် စကော့ ဂျက်ဖရီ ရင်အနာရဆုံးကိစ္စမှာ ဒီဇယ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာမှုကြောင့် ကုမ္ပဏီလုပ်ငန်းအရင်းအနှီးတွင် အချိုးအဆအများဆုံးဖြစ်သည့် ပို့ဆောင်ရေးကုန်ကျစရိတ် အဆက်မပြတ် မြင့်တက်သွားမှုကို ကြည့်နေရခြင်းပင်ဖြစ်သည်။
ယူးတားပြည်နယ် ကုန်တင်ကားအသင်း အမှုဆောင်ဒါရိုက်တာ ရစ်ကလစ်စ်ဘီ က အဆိုပါပြည်နယ် နေရာဒေသ ၈၀ ရာခိုင်နှုန်း၏ နေ့စဉ်အသုံးပြုမှုအတွက် ကုန်တင်ကားများဖြင့် ပို့ဆောင်ရန် လိုအပ်ကြောင်း၊ ထိုပစ္စည်းများတွင် စားနပ်ရိက္ခာ၊ ဆီ၊ အသား၊ နို့ထွက်ပစ္စည်း စသည်တို့ပါဝင်ကြောင်း၊ ၎င်းပစ္စည်းများအနက် ပီဇာပြုလုပ်ရန် မပါမဖြစ် ကုန်ကြမ်းပစ္စည်းများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ပီဇာပြုလုပ်သည့် ကုန်ကြမ်းပစ္စည်း ပို့ဆောင်ခမြင့်တက်သွားသည့်အပြင် စက္ကူအိတ်၊ စက္ကူတစ်ရှုး ထုတ်လုပ်သည့် ပျော့ဖတ်များ ပို့ဆောင်သည့် အရင်းအနှီးလည်း မြင့်တက်လျက်ရှိသည်။ အဆိုပါ အပိုကုန်ကျသည့် အရင်းအနှီးစရိတ်များသည် နောက်ဆုံးတွင် ပီဇာ တစ်ခုချင်း၏ ဈေးနှုန်းတွင် ထင်ဟပ်နေမည်ဖြစ်သည်။
သမားရိုးကျ ဈေးနှုန်း လက်ဆင့်ကမ်းပြောင်းလဲမှုထုံးစံအရ လောင်စာဆီဈေးနှုန်းမြင့်တက်မှုသည် သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ကျောက်မီးသွေးများအထိ ပျံ့နှံ့သွားမည်ဖြစ်ပြီး ထို့နောက် အခြေခံ ဓာတုစက်မှုပစ္စည်းထုတ်ကုန် ဖြစ်သည့် Ethylene ၊ Propylene များအထိပင်ဖြစ်သည်။ အဆိုပါအခြေခံဓာတုစက်မှုပစ္စည်းများတွင် သာမန်ပြည်သူများ ရင်းနှီးသည့် အမည်တစ်ခုလည်းရှိသေးသည်။ ၎င်းမှာ ပလတ်စတစ်ပင် ဖြစ်သည်။ သမားရိုးကျ အမေရိကန် ပီဇာဆိုင်တစ်ဆိုင်တွင် ပလတ်စတစ်ဘူး၊ ပလတ်စတစ်အိတ်၊ ပလတ်စတစ် ဇွန်း၊ ခက်ရင်း စသည်တို့ကလည်း ဝေးလံသော အရှေ့အလယ်ပိုင်းဒေသ၏ သက်ရောက်မှုကို ခံနေရသည်။
လက်ရှိတွင် ပလတ်စတစ်နှင့် သက်ဆိုင်သည့် Futures စာချုပ်ဈေးနှုန်း အသီးသီးမှာ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ကမ္ဘာတစ်ဝန်း ဓာတုစက်မှုလုပ်ငန်း ဦးဆောင်ကုမ္ပဏီကြီး BASF က တစ်ကမ္ဘာလုံးတွင် ပလတ်စတစ်၏ အဓိကဖြည့်စွက်ပစ္စည်းဈေးနှုန်းအား မြှင့်တင်ကြောင်း၊ အများဆုံး မြင့်တက်မှုပမာဏသည် ၂၀ ရာခိုင်နှုန်းအထိရှိကြောင်း ကြေညာခဲ့သည်။
ပီဇာဆိုင်အတွင်း၌ အခမဲ့ပေးသည့် တစ်ကြိမ်သုံးလက်အိတ်များသည် အနာဂတ်တွင် ဆိုင်ရှင်များအတွက် မသေးလှသောဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်ဟု အမေရိကန်မီဒီယာများ သုံးသပ်ခန့်မှန်းကြသည်။
မည်သည့်ပစ္စည်းများ ဈေးတက်ဦးမည်နည်း
ကြောက်မက်ဖွယ်ကောင်းသည်မှာ လက်ရှိပစ္စည်းများသာ ဈေးတက်နေသည်မဟုတ်ဘဲ ကုန်ပစ္စည်းများစွာကလည်း အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ကြာရှည်နေမှုကြောင့် တစ်ဆင့်တိုး ဈေးတက်သွားဦးမည်ပင်ဖြစ်သည်။
မြောက်ကမ္ဘာခြမ်း၏ နွေဦးရာသီချိန် ကျရောက်လာပြီဖြစ်ရာ အမေရိကန်၊ ဥရောပမှ အိန္ဒိယအထိ တောင်သူအားလုံးသည် နွေဦးစိုက်ပျိုးရေး စတင်လုပ်ဆောင်ရတော့မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုကြောင့် တစ်ကမ္ဘာလုံး၏ သုံးပုံတစ်ပုံ ဓာတ်မြေဩဇာကုန်သွယ်ရေး ရေကြောင်းပို့ဆောင်မှုကို တာဝန်ယူထားရသည့် ဟော်မုဇ်ရေလက်ကြား “ပိတ်ဆို့မှု” သည် တစ်ကမ္ဘာလုံး စိုက်ပျိုးရေးလုပ်ငန်းကွင်းဆက်အတွက် ဆိုးရွားသော ဆင့်ပွားသက်ရောက်မှု ဖြစ်လာစေမည်ဖြစ်သည်။ ယင်းသည်လည်း အမေရိကန် ပီဇာ အရောင်းဈေးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့သည် နိုက်ထရိုဂျင်ဓာတ်မြေဩဇာ၏ အဓိကကုန်ကြမ်းဖြစ်သည်။ ပင်လယ်ကွေ့နိုင်ငံများက နိုက်ထရိုဂျင်ဓာတ်မြေဩဇာကို ပေါင်းစပ်ထုတ်လုပ်ရုံသာမက သဘာဝဓာတ်ငွေ့အရည် (LNG) ကိုလည်း တင်ပို့ကြသည်။ လက်ရှိအခြေအနေက ဘရာဇီး၊ ဆူဒန် စသည့် စိုက်ပျိုးရေးနိုင်ငံကြီးများအတွက် အရှေ့အလယ်ပိုင်းမှ နိုက်ထရိုဂျင်ဓာတ်မြေဩဇာဝယ်ယူရန် ခဲယဉ်းနေသလို အိန္ဒိယ၊ ပါကစ္စတန် စသည့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာထုတ်လုပ်သည့် နိုင်ငံများအတွက် ကုန်ကြမ်းဝယ်ယူရန် ခက်ခဲနေသည့် အဓိပ္ပာယ်သက်ရောက်ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လ တစ်လအတွင်း ယူရီးယား အခြေခံဈေးနှုန်းများသည် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သလို ဖော့စဖိတ်ဓာတ်မြေဩဇာသည်လည်း အလားတူဖြစ်ခဲ့သည်။ ထိုဓာတ်မြေဩဇာမျိုးကို ထုတ်လုပ်မည်ဆိုပါက ကန့်ဖြင့် ဖော့စဖိတ်ကျောက်ရိုင်း အသွင်ပြောင်းရန် လိုအပ်ပြီး ကန့်မှာမူ ရေနံဓာတုစက်မှုလုပ်ငန်း၏ ဆက်စပ်ထုတ်ကုန် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ကွေ့နိုင်ငံများက တစ်ကမ္ဘာလုံး၏ ဖော့စဖိတ်ဓာတ်မြေဩဇာ ငါးပုံတစ်ပုံခန့်နှင့် ကန့် လေးပုံတစ်ပုံခန့်ကို ထုတ်လုပ်ကြသည်။
အမေရိကန် လယ်သမားများက နှစ်စဉ် မတ်လတွင် ဓာတ်မြေဩဇာများ ဝယ်ယူကြပြီး ဧပြီလနှင့် မေလများတွင် အများအပြား အသုံးပြုကြသည်။ လက်ရှိတွင် ယင်းလယ်သမားများအနေဖြင့် ထိုင်၍မစောင့်ကြည့်နိုင်တော့ချေ။
အမေရိကန် လယ်သမားအသင်းချုပ် (AFBF) သည် လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးသော မိသားစုပေါင်း ၆ သန်းကို ကိုယ်စားပြုထားသလို ယခု အမေရိကန် ဖက်ဒရယ်အစိုးရ၏ အရေးကြီးသော နိုင်ငံရေးမဟာမိတ်လည်း ဖြစ်သည်။ အမေရိကန် လယ်သမားအသင်းချုပ် (AFBF) ဥက္ကဋ္ဌ Zippy Duvall က အမေရိကန် သမ္မတထံသို့ “သတိပေးစာ” ပေးပို့ကာ ယင်းမှာ “အမျိုးသားလုံခြုံရေးပြဿနာ” ဖြစ်ပြီး နွေဦးရာသီထွန်ယက်စိုက်ပျိုးရန် ပြင်ဆင်နေကြသည့် အမေရိကန်နိုင်ငံတစ်ဝန်းက လယ်သမားများကို သမိုင်းတွင် အဆိုးရွားဆုံးသော အခြေအနေနှင့် ရင်ဆိုင်ရစေသည်ဟု ပြောကြားခဲ့သည်။
ဓာတ်မြေဩဇာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်သွားလျှင် အမေရိကန်၏ “မိသားစုစားသောက်ကုန်” ဈေးနှုန်းများသည် ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ယင်းမှာလည်း ပီဇာတစ်ချပ်စီ၏ ဈေးနှုန်းများတွင် ထင်ဟပ်လာမည်ဖြစ်ကြောင်း သုံးသပ်သူများက ခန့်မှန်းကြသည်။
ပီဇာကိုသာ သက်ရောက်မှုရှိသည်လော
ပီဇာသည် ပုံရိပ်ငယ်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းသက်ဝင်ထင်ရှားစွာ ပြသလိုက်သည်မှာ ဟော်မုဇ်ရေလက်ကြား “ပိတ်ဆို့မှု” ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ကွင်းဆက်ရိုက်ခတ်မှုနှင့် သက်ရောက်မှုများ ဖြစ်ပေသည်။ အမှန်စင်စစ်တွင်မူ သက်ဆိုင်ရာသက်ရောက်မှုများစွာ ရှိနေသေးသည်။
ဥပမာအားဖြင့် ပလတ်စတစ်ထုတ်ကုန်များ၏ ကမ္ဘာထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်ခြင်းသည် ပီဇာ ထုပ်ပိုးမှုကို သက်ရောက်မည်သာမက စက်မှုကုန်ချောပစ္စည်းများ၏ ထုတ်လုပ်မှုကိုပါ ရိုက်ခတ်မည် ဖြစ်ရာ မော်တော်ကားထုတ်လုပ်မှုမှသည် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုအထိ လုပ်ငန်းအသီးသီးသည် ရိုက်ခတ်မှုဒဏ်ကို တိုက်ရိုက်ခံစားရမည် ဖြစ်သည်။ ယင်းမှာလည်း အရှေ့အလယ်ပိုင်းရေနံစိမ်းထောက်ပံ့ရေးကို အလွန်အမင်းမှီခိုနေရသည့် ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများ၏ အရင်းအနှီးဈေးကွက်သည် အခြေအနေတင်းမာပြီးနောက်ပိုင်း အကြိမ်ပေါင်းများစွာ သိသိသာသာကျဆင်းခဲ့ရသည့်အကြောင်းရင်းဖြစ်သည်။
နောက်ထပ်ဥပမာအားဖြင့် ဆိုရသော် ထွန်းသစ်စဈေးကွက်သစ်နိုင်ငံ အများစုသည် စွမ်းအင် အသားတင် တင်သွင်းရသည့်နိုင်ငံများ ဖြစ်ကြရာ ရေနံဈေးနှုန်းခုန်တက်သွားခြင်းက နိုင်ငံတကာ ငွေပေးချေမှု ဟန်ချက် (BoP) ကို သက်ရောက်မှုဖြစ်ပြီး ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ အရင်းအနှီး ပြင်ပသို့ စီးဆင်းခြင်းသာမက ကြွေးမြီအကျပ်အတည်းများကိုပင် ဖြစ်ပေါ်စေသည်။ အမေရိကန်နှင့် အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း နိုင်ငံအများအပြား၏ငွေကြေးကို ခြေရာခံသည့် ထွန်းသစ်စဈေးကွက်ငွေကြေး အညွှန်းကိန်းသည် ပဋိပက္ခအရှိန်မြင့်တက်ပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှစ၍ တစ်ရက်အတွင်း အကြီးမားဆုံး ထိုးကျမှု ဖြစ်ခဲ့ရာ ယင်းအနေအထားမှာ လျော့နည်းသည့်အဆင့်၌ ဆက်လက်ရှိနေပေသည်။
စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းက ဆင်းရဲနွမ်းပါးသောနိုင်ငံနှင့် ဝင်ငွေနည်းပါးသောမိသားစုများအတွက် အပြင်းထန်ဆုံးရိုက်ခတ်မှု ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာဖူလုံရေးအကျပ်အတည်းနှင့် လူမှုရေး မတည်ငြိမ်မှုများ ပို၍ ဆိုးရွားစေနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
အကယ်၍ အရှေ့အလယ်ပိုင်း အခြေအနေ ဆက်လက် တင်းမာနေမည်ဆိုလျှင် ဟော်မုဇ်ရေလက်ကြား၏ “ပိတ်ဆို့မှု” က ကမ္ဘာ့စီးပွားရေး၏ “ပိတ်ဆို့မှု”အဖြစ် မုချမသွေ အသွင်ပြောင်းသွားမည်ဖြစ်ရာ အမေရိကန် ပီဇာဈေးနှုန်းမြင့်တက်ခြင်းသည်လည်း ကမ္ဘာ့စီးပွားရေး တုံ့ဆိုင်းမှုနှင့် ငွေကြေးဖောင်းပွမှု အန္တရာယ်၏ ပုံရိပ်ငယ် ဖြစ်လာပေမည်။ ပီဇာဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု၏ စာရင်းဇယားများနောက်ကွယ်တွင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်နှင့် ထုတ်လုပ်ရေးကွင်းဆက်၏ “အရှိုက်ထိမည့်အားနည်းချက်” နှင့် တစ်ဖက်သတ်ဝါဒက ကမ္ဘာ့စီးပွားရေးကို ပြိုလဲအောင် တွန်းလှဲလိုက်သည့် “ဒိုမီနို ဖဲချပ်” ဖြစ်ပေသည်။ (Xinhua)

ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသည့် အီရန်စစ်သည်များကို ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် နယူးယောက်မြို့ရှိ ဆီဆိုင်တစ်ဆိုင်၏ ဆီဈေးနှုန်းပြသထားမှုကို ၂၀၂၆ ခုနှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
经济热点问答|从塑料到化肥,霍尔木兹海峡“梗阻”如何让美国披萨涨价?
新华社北京3月13日电 经济热点问答|从塑料到化肥,霍尔木兹海峡“梗阻”如何让美国披萨涨价? 新华社记者宿亮
美国和以色列袭击伊朗,导致霍尔木兹海峡“梗阻”,其影响早已远超石油、天然气断供,而是危及全球物流、化工、制造、农业等众多相关产业。这些影响是如何发生的?
在美国,披萨是最常见的一种食物。不少分析师说,中东局势推动美国物价上涨。作为供应链最后一环的消费品,披萨的价格涨在哪里?如何透过这一消费品,感受当前全球经济所受冲击?
哪些东西涨价了?
霍尔木兹海峡“梗阻”,要运的东西运不出去,直接影响很多产业的正常运营。就拿美国消费者买到的披萨为例,整个产业链的物流、耗材成本将直线上升。 “没有卡车,美国就停滞不前!”美以袭击伊朗后,美国犹他州卡车货运公司老板斯科特·杰弗里最揪心的事情就是看着柴油价格持续走高,企业成本占比最高的运输开支不断攀升。
犹他州卡车运输协会执行董事里克·克拉斯比说,该州80%的地区日常补给需要卡车运输,涉及粮油、肉类、奶制品等。制作披萨不可或缺的原材料均在其列。 不仅制作披萨的材料运费增加,制作纸袋、纸巾的纸浆运输成本也在上升。这些额外的成本最终都会体现在披萨单品的价格上。
根据传统的价格传导规律,油价上涨会扩散至液化天然气和煤炭,然后是基础化工品,比如乙烯、丙烯。这些基础化工品还有一个普通人熟悉的名称:塑料。在一家典型的美国披萨店里,塑料餐盒、塑料袋、塑料餐具都面临着来自遥远中东地区的影响。
当前,跟塑料相关的各类期货合约价格暴涨。全球化工巨头巴斯夫宣布全球上调塑料核心添加剂价格,最高涨幅达20%。
美国媒体分析预测,披萨店里的免费一次性手套今后可能会成为店主一项不小的负担。
哪些东西还会涨?
可怕的不只是眼前的东西正在涨价,而是很多东西将因中东局势延宕进一步涨价。
北半球的春天到了,从美欧到印度的农民都要开始春耕。由于中东局势紧张,承载了全球约三分之一海运化肥贸易的霍尔木兹海峡“梗阻”,将给全球农业供应链带来严重的次生影响。这当然也会影响美国披萨的售价。
中东地区出产的天然气是氮肥重要原料。海湾国家不仅合成氮肥,还出口液化天然气。当前形势意味着,巴西、苏丹等农业大国难以买到中东氮肥,印度、巴基斯坦等氮肥生产国难以买到原料。过去一个月里,尿素基准价格上涨约30%。 磷肥也是如此。生产这种肥料需要硫来转化磷矿石,而硫是石化工业的副产品。因此,海湾国家生产全球约五分之一的磷肥和约四分之一的硫。
美国农场主每年3月购买化肥,4月、5月大规模使用。当前,这些农民已经坐不住了。
美国农会联合会代表着600万个以农业为生的家庭,也是本届美国联邦政府的重要政治盟友。农会联合会主席齐皮·杜瓦尔给美国总统写了“警告信”:这是“国家安全问题”,正在准备春耕的全美农民正面临史上最严峻的形势。
有分析师预测,化肥供应链中断可能使美国的“家庭食品”价格上涨2%,这也会体现在一张张披萨的价签上。
影响只是披萨吗?
披萨只是一个缩影。它生动展示了霍尔木兹海峡“梗阻”给全球经济带来的联动冲击和影响。事实上,相关的影响还有很多。
例如,塑料制品的全球供应链中断,不仅会影响披萨的包装,还会影响到大量工业制成品的生产,从汽车制造到电子生产等各个行业都会直接感受到这一冲击。这也是严重依赖中东原油供应的日韩等国家,资本市场在局势紧张后多次大幅度下跌的原因。
再比如,多数新兴市场国家是能源净进口国,油价飙升会影响国际收支,导致货币贬值、资本外流,甚至引发债务危机。美以袭击伊朗之后,跟踪多国货币的新兴市场货币指数在冲突升级后出现自2024年11月以来最大单日跌幅,走势随后持续低迷。
联合国警告,食品和能源价格上涨对贫困国家和低收入家庭的打击最为严重,可能加剧全球范围内的粮食安全危机和社会不稳定。
如果中东局势持续紧张,霍尔木兹海峡的“梗阻”必然会转化成全球经济的“梗阻”,美国披萨价格上涨也将是全球经济滞胀风险的缩影。披萨价格和通胀率表格的背后,是全球供应链产业链的“阿喀琉斯之踵”,是单边主义推倒了全球经济的“多米诺骨牌”。(完)
图说1:2025年3月28日,顾客在美国纽约市一家超市选购杂货。新华社发(郭克摄)
图说2:2019年4月30日,伊朗士兵在霍尔木兹海峡巡逻。新华社发(艾哈迈德·哈拉比萨斯摄)
图说3:这是3月5日在美国纽约一座加油站拍摄的油价显示屏。新华社记者 张凤国 摄
