Connect with us

Asia

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှင့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရန် အပြုသဘောဆောင်သည့် ကဏ္ဍတွင် တရုတ်ပါဝင်နေကြောင်း တောင်ကိုရီးယားသမ္မတပြောကြား

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား သတင်းစာရှင်းလင်းပွဲတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) က တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှင့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေး ဆောင်ရွက်ချက်များတွင် အပြုသဘောဆောင်သည့် ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ၎င်း၏ နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ဇန်နဝါရီ ၁၉ရက် ကပြောကြားခဲ့သည်။

မွန်က ယခုအချိန်အထိ တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှင့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေးကို များစွာကူညီဆောင်ရွက်ရန် အပြုသဘောဆောင်သည့် ကဏ္ဍတွင် တရုတ်ပါဝင်နေကြောင်း ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်သော သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ထိပ်သီးအစည်းအဝေး၊ မြောက်ကိုရီးယား နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ကျင်းပရန်အတွက် အပြုသဘောဆောင်သည့် ကဏ္ဍမှ အမြဲကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံမှ ထိပ်သီးခေါင်းဆောင်များအကြား နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုသည် မြောက်ကိုရီးယားနိုင်ငံ ခေါင်ေးဆာင် ကင်ဂျုံအန် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့အကြား ဒုတိယမြောက် အစည်းအဝေး အောင်မြင်ရေးအတွက် အလွန်အရေးပါသည့် ကဏ္ဍမှ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု မျှော်လင့်ရကြောင်း မွန်ကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117