Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွား

၂၀၁၈ ခုနှစ် အတွင်း အင်ဒိုနီးရှား ဘာလီကျွန်းရှိ Agung မီးတောင် ပေါက်ကွဲမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား ဘာလီ အပန်းဖြေကျွန်းပေါ်ရှိ Mount Agung မီးတောင်သည် ဇန်နဝါရီ ၁၀ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားကာ မီးတောင်ပြာမှုန့်များ မှုတ်ထုတ်ခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုမီးတောင်ထိပ်တွင် မီးခိုးမြူများ ထူထပ်နေသဖြင့် မီးတောင်ပြာများ မှုတ်ထုတ်သည့် အမြင့်အား မမြင်ရဟု ဆိုသည်။မီးတောင် ပေါက်ကွဲမှုသည် ဒေသ စံတော်ချိန်ည ၇ နာရီ ၅၅ မိနစ် အချိန်တွင် ၄ မိနစ် နှင့် ၂၆ စက္ကန့်အကြာ ဖြစ်ပွားခဲ့ကြောင်း ဘာလီကျွန်း Karangasem ဒေသ ၊ Rendang တွင် တည်ရှိသော Mount Agung မီးတောင် စောင့်ကြည့်စခန်းမှ သိရသည်။

ထိုစခန်းက မီးတောင် ပေါက်ကွဲမှုအား ဒုတိယ အမြင့်ဆုံး အဆင့် ၃ အထိ သတ်မှတ်ခဲ့သည်။အင်ဒိုနီးရှား မီးတောင် နှင့် ဘူမိဗေဒ ဆိုင်ရာ သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေး စင်တာက မီးတောင်၏ ပတ်လည် ၄ ကီလိုမီတာ အတွင်း အန္တရာယ်ရှိသော ဇုန် အဖြစ် သတ်မှတ်ထားပြီး ဒေသခံများ ၊ ကမ္ဘာလှည့် ခရီးသွားများအား သွားလာခွင့် မပြုကြရန် နှင့် အန္တရာယ်ဇုန်အတွင်း မည်သည့် လှုပ်ရှားမှုမျိုးမှ မပြုလုပ်ကြရန် အကြံပြုထားသည်။

မီးတောင် အနီး မြစ်များ တစ်လျောက် နေထိုင်သူများကိုလည်း မီးတောင် ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာနိုင်သည့် အကျိုး သက်ရောက်မှုများ အပေါ် သတိပြုကြရန် စင်တာက အကြံပြုထားသည်။မိုးသည်းထည်စွာ ရွာသွန်းပါက မီးတောင်မှ ပြာမှုန့်များ နှင့် အေးခဲနေသော ချော်ရည်များသည် မီးတောင်ထိပ်မှ မြစ်အတွင်းသို့စီးမျှောနိုင်ကြောင်း စင်တာက ဆိုသည်။Mount Agung မီးတောင် နောက်ဆုံး ပေါက်ကွဲမှုမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုမှာ ၃ မိနစ် ကြာမြင့်ခဲ့ပြီး ဘာလီကျွန်း၏ အရှေ့ပိုင်း Karangasem ဒေသအား ထိခိုက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117