Connect with us

Culture & Entertainment

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရှေးဟောင်း တော်ဝင်နန်းတော် တွေ့ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ရှေးဟောင်းသုတေသနလုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲဘေးပြည်နယ်တွင် ရှေးဟောင်း တေ ာ်ဝင်နန်းတော်တစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နန်းတော်သည် ချင်မင်းဆက် (အေဒီ ၁၁၁၅-၁၂၃၄) ကျန်းကျုံးဧက္ကရာဇ်ပိုင်ဆိုင်သည်ဟု ယူဆရပြီး ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပမည့် နေရာတစ်ခုဖြစ်သော Zhangjiakou မြို့ အိုလံပစ်ကျေးရွာအနီး၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိသော အဆိုပါနေရာမှာ ဧရိယာအားဖြင့် ၁၄၀,၀၀၀ စတုရန်းမီတာ ခန့်ရှိသည်။ ထို ဧရိယာမှ ဆောက်လုပ်ရေးပစ္စည်းများ၊ ကြွေထည်များနှင့် မြေအိုးမြေခွက်များ အပါအဝင် ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိခဲ့ရသည်။“ဒါက မကြာသေးမီနှစ်များက ရှာဖွေတွေ့ရှိခဲ့တဲ့ ချင်မင်းဆက်ရဲ့ အကြီးဆုံးနန်းတော်ဖြစ်ပါတယ်” ဟု ယင်းမြို့၏ ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ခရီးသွားလုပ်ငန်း ဗျူရိုက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ နေရာအား ကာကွယ်မှုဆိုင်ရာ လမ်းညွှန်ချက်မှာ လက်ရှိတွင် မူကြမ်းရေးဆွဲထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117