Connect with us

Africa & Middle East

အမေရိကန်ကို အဆိုပြုချက်များက “တရားမလွန်” ဟု အီရန် ဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘာဂါအီက အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲတက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အီရန်အနေဖြင့် အမေရိကန်ကို အဆိုပြုချက်များက “တရားမလွန်” ကြောင်း၊ သို့သော် အမေရိကန်အနေဖြင့် “လျော်ကန်မှုမရှိသည့် တောင်းဆိုချက်များ” ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘာဂါအီက ပြောကြားခဲ့သည်ဟု အီရန်မီဒီယာ၏ မေ ၁၁ ရက် သတင်းများအရ သိရသည်။

အစ္စမေး ဘာဂါအီက မေးခွန်းများကို ဖြေကြားရာတွင် အမေရိကန် သမ္မတသည် အစ္စရေးဝန်ကြီးချုပ်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြီးနောက် အမေရိကန်အပေါ် အီရန်၏ အဆိုပြုချက်များက လက်ခံနိုင်ဖွယ်မရှိဟု ယူဆကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ကို အီရန်အနေဖြင့် မည်သည့် အပိုထပ်ဆောင်း လိုက်လျောမှုပေးရန် သို့မဟုတ် အထူးတောင်းဆိုမှုများ မရှိခဲ့သလို တောင်းဆိုချက်များမှာလည်း မိမိ၏ တရားဝင်ရပိုင်ခွင့်များသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ်ရေလက်ကြား ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာရေးကို ဖော်ဆောင်ရန် အခြေခံထားခြင်းဖြစ်ရာ ဤကဲ့သို့တောင်းဆိုမှုသည် တရားမလွန်ကြောင်း၊ ဒေသတွင်းတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် ဟူသည့် ဤသို့သော အရေးကြီးကိစ္စရပ်မျိုးသည် လက်လွတ်စပယ်တောင်းဆိုခြင်းလောဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်၏ တောင်းဆိုချက်သည် ကျိုးကြောင်းဆီလျော်၍ တာဝန်ယူမှုရှိသည့် တောင်းဆိုချက် ဖြစ်သလို တစ်ချိန်တည်းတွင်ပင် ဒေသတွင်း၏ အကျိုးစီးပွား၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ရာ စေတနာမှန်သည့် အကြုံပြုချက် ဖြစ်ကြောင်းလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အီရန် မီဒီယာများ၏ မေ ၁၀ ရက် သတင်းများအရ အီရန်အနေဖြင့် ကြားဝင်စေ့စပ်ပေးသော ပါကစ္စတန်နိုင်ငံထံသို့ စစ်ပွဲရပ်တန့်ရေးရည်ရွယ်သည့် အမေရိကန်၏ နောက်ဆုံးအစီအစဉ်အပေါ် တုံ့ပြန်ချက်များ တရားဝင်ပေးပို့ပြီးဖြစ်ကြောင်း၊ ၎င်းတွင် စစ်ပွဲရပ်တန့်ရေး၊ ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား ပင်လယ်ရေကြောင်းလုံခြုံရေးကိစ္စရပ်များ အဓိက ပါဝင်ကြောင်း သိရသည်။

ထိုနေ့တွင်ပင် အမေရိကန် သမ္မတ ထရမ့်က လူမှုကွန်ရက် မီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် အီရန်၏ တုံ့ပြန်ချက်အပေါ် ကျေနပ်မှုမရှိကြောင်း၊ ယင်းမှာ “လုံးဝလက်ခံ၍ မရကြောင်း” ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘာဂါအီက အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲတက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
伊朗说向美国提出的提议“并不过分”
新华社德黑兰5月11日电 据伊朗媒体11日报道,伊朗外交部发言人巴加埃表示,伊朗向美国提出的提议“并不过分”,而美国仍坚持“不合理的要求”。
巴加埃在回答提问时说,美国总统在与以色列总理通话后,认为伊朗对美国的提议不可接受。他表示,伊朗没有向美方提出任何额外的让步或特殊要求,所要求的只是自身的合法权利。
他说,伊朗的提议基于实现霍尔木兹海峡的安全通行,这样的要求并不过分。像维护整个地区和平与安全这样重要的问题,难道是不负责任的诉求吗?
他还强调,伊朗提出的是合理且负责任的要求,同时也是具有诚意的建议,目的在于促进地区的福祉、稳定与安全。
据伊朗媒体10日报道,伊朗已向巴基斯坦调解方正式提交了对美国旨在结束战争的最新方案的回应,聚焦于结束战争以及波斯湾和霍尔木兹海峡的海上安全问题。美国总统特朗普当天在社交媒体上发文说,他对伊方回应不满,称其“完全不可接受”。(完)
1. 5月11日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席每周例行新闻发布会。新华社记者 沙达提 摄