Connect with us

International Organizations

ဟန်တာဗိုင်းရပ်စ် ရင်ဆိုင်ရေးလုပ်ငန်းများ “မပြီးဆုံးသေး” ဟု WHO ဆို

စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် (ယာဘက်) နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez တို့ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသော Hondius အပျော်စီးသင်္ဘောပါ လူပုဂ္ဂိုလ်များကို ရွှေ့ပြောင်းရေးလှုပ်ရှားမှု လုပ်ဆောင်ပြီးနောက် လက်ရှိတွင် ပမာဏပိုမိုများပြားသော ကပ်ရောဂါဖြစ်ပွားမှု အလားအလာ မရှိသေးကြောင်း၊ သို့သော် သက်ဆိုင်ရာရင်ဆိုင်မှုလုပ်ငန်းများ မပြီးဆုံးသေးကြောင်း၊ ခန့်မှန်းခြေ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း၌ လူနာအသစ်တိုးလာနိုင်ခြေရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
တက်ဒရော့စ်နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez တို့သည် ထိုနေ့တွင် စပိန်နိုင်ငံ ဝန်ကြီးချုပ်ရုံး မွန်ကလိုအာနန်းတော်တွင် သတင်းစာရှင်းလင်းပွဲ အတူတကွကျင်းပခဲ့သည်။ တက်ဒရော့စ်က စပိန်နိုင်ငံအစိုးရအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောအား လက်ခံပြီး လူပုဂ္ဂိုလ်များ ရွှေ့ပြောင်းရေးလုပ်ငန်း စီစဉ်ပေးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကာ တစ်ချိန်တည်းတွင် လက်ရှိ၌ “လုပ်ငန်းများ မပြီးဆုံး” သေးကြောင်း၊ WHO အနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ဆက်လက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး သင်္ဘောပေါ်မှ ရွှေ့ပြောင်းသွားသူများ၏ ကျန်းမာရေးအခြေအနေကို ခြေရာခံစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက အ‌လေးထား ဆိုခဲ့သည်။

တက်ဒရော့စ်က လက်ရှိအထိ ဟန်တာဗိုင်းရပ်စ် ကူးစက်သူ ၁၁ ဦးရှိကြောင်း အစီရင်ခံတင်ပြမှုရှိပြီဖြစ်ကာ အားလုံးသည် ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောပေါ်မှ လူပုဂ္ဂိုလ်များဖြစ်ပြီး ၎င်းအနက် ၃ ဦးမှာ သေဆုံးပြီးဖြစ်ကြောင်း၊ လူနာ ၁၁ ဦးတွင် ၉ ဦးသည် ဟန်တာဗိုင်းရပ်စ် မျိုးဗီဇအုပ်စုဝင် အန်ဒီးစ်ဗိုင်းရပ်စ် ကူးစက်သည်ဟု အတည်ပြုထားပြီးဖြစ်ကာ အခြား ၂ ဦးကမူ သံသယလူနာဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပိုမိုကျယ်ပြန့်သော ကူးစက်မှုတစ်ကြိမ် ဖြစ်ပွားနိုင်သည့် အလားအလာ မတွေ့မြင်ရကြောင်း၊ WHO အနေဖြင့် ယခုအကြိမ်ဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံး အများပြည်သူကျန်းမာရေးအပေါ် ဖြစ်စေနိုင်သည့် အန္တရာယ်သည် အခြေအနေတစ်ရပ်လုံးအရ အတန်အသင့်နည်းပါးသေးသည်ဟု သုံးသပ်ထားဆဲဖြစ်ကြောင်း၊ သို့သော် ဗိုင်းရပ်စ်၏ ရောဂါပျိုးကာလ အတန်အသင့်ရှည်ကြာသဖြင့် အနာဂတ်သီတင်းပတ်အနည်းငယ်အတွင်း၌ အတည်ပြုလူနာအသစ် တိုးလာနိုင်ခြေရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
WHO အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောပေါ်မှ ရွှေ့ပြောင်းသွားသူအားလုံးက ဗိုင်းရပ်စ်ကူးစက်ခံရနိုင်သော အန္တရာယ်နှင့် ထိတွေ့နိုင်ခြေရှိသည့် နောက်ဆုံးနေ့မှစ၍ သတ်မှတ်ထားသော သီးခြားကွာရန်တင်းနေထိုင်ရန် အဆောက်အအုံ သို့မဟုတ် နေအိမ်အတွင်း၌ ၄၂ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်မှု ခံယူရန် အကြံပြုကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။
Pedro Sanchez က စပိန်နိုင်ငံအနေဖြင့် အထူးလေယာဉ် ၁၀ ကြိမ်စီစဉ်ကာ မတူညီသောနိုင်ငံများမှ လူပုဂ္ဂိုလ် ၁၂၀ ကျော် ရွှေ့ပြောင်းရေးလုပ်ငန်းကို လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသော သင်္ဘောပေါ်မှ ရွှေ့ပြောင်းလာသူအားလုံးသည် စပိန်နိုင်ငံ တန်နာရီဖစ်ကျွန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
世卫组织:应对汉坦病毒疫情工作“还未结束”
新华社马德里5月12日电(记者陈雨峥 孟鼎博)世界卫生组织总干事谭德塞12日表示,涉汉坦病毒疫情邮轮“洪迪厄斯”号人员撤离行动完成后,目前尚未出现更大规模疫情暴发的迹象,但相关应对工作还未结束,预计未来数周仍有可能出现新增病例。
谭德塞与西班牙首相桑切斯当天在西班牙首相府蒙克洛亚宫共同召开新闻发布会。谭德塞感谢西班牙政府同意接收涉疫邮轮并组织人员撤离行动,同时强调目前“工作还未结束”,世卫组织将继续与相关国家紧密合作,追踪撤离人员的健康状况。
谭德塞说,截至目前已有11例汉坦病毒病例报告,均曾是涉疫邮轮上的人员,其中3人死亡;11例病例中有9例已确诊感染汉坦病毒“家族”中的安第斯病毒,另外2例为疑似病例。他表示,目前“尚未看到一次更大规模暴发开始的迹象”,世卫组织依然评估此次事件对全球公共卫生造成的风险“总体较低”,但考虑到病毒潜伏期较长,未来数周仍有可能出现新增病例。
谭德塞说,世卫组织建议,所有从涉疫邮轮上撤离的人员,自可能暴露在病毒感染风险的最后一日起,在指定隔离设施或居家接受42天健康监测。
桑切斯在新闻发布会上表示,西班牙协调10架次特别航班,完成了120余名不同国籍人员的疏散工作。西班牙卫生部11日表示,涉疫邮轮所有撤离人员均已离开西班牙特内里费岛。(完)
图说:5月12日,在西班牙马德里,世界卫生组织总干事谭德塞(右)和西班牙首相桑切斯出席新闻发布会。新华社记者 孟鼎博 摄