China
တရုတ်အာကာသစခန်းတွင် ပထမဆုံးအကြိမ် “လူလုပ် လူသားသန္ဓေသား” စမ်းသပ်မှု အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိ
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်နှင့်အတူ အာကာသအတွင်း တက်ရောက်သွားသည့် “လူလုပ် လူသားသန္ဓေသား” စမ်းသပ်ရန်နမူနာကို တရုတ်အာကာသစခန်း၏ စမ်းသပ်မှုအပိုင်းတွင် တပ်ဆင်ထားပြီးဖြစ်ရာ လက်ရှိတွင် စမ်းသပ်မှုက အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း တရုတ်သိပ္ပံအကယ်ဒမီ အာကာသအသုံးပြုမှုဆိုင်ရာ နည်းပညာနှင့် အင်ဂျင်နီယာစင်တာမှ မေ ၁၃ ရက်က သိရှိရသည်။
ယင်းသည် ကမ္ဘာကြီးက ပထမဆုံးအကြိမ်အဖြစ် အာကာသ၌ “လူလုပ် လူသားသန္ဓေသား” စမ်းသပ်မှု လုပ်ဆောင်ခြင်းဖြစ်သည်။
“လူလုပ် လူသားသန္ဓေသား” အပါအဝင် အာကာသသိပ္ပံစမ်းသပ်မှုအစီအစဉ် ၄၁ ခုသည် မေ ၁၁ ရက်တွင် ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်နှင့်အတူ အာကာသစခန်းသို့ ပျံသန်းရောက်ရှိခဲ့သည်။ ထိုနေ့ည ၁၀ နာရီခန့်တွင် “လူလုပ် လူသားသန္ဓေသား” စမ်းသပ်ရန်နမူနာကို ဂြိုဟ်ပတ်လမ်းရှိ အာကာသယာဉ်မှူးများက အာကာသစခန်း စမ်းသပ်မှုအပိုင်းတွင် တပ်ဆင်ခဲ့သည်။
“လက်ရှိ စမ်းသပ်မှုက အလွန်အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိပါတယ်။ ကြိုတင်ချိန်ညှိထားတဲ့ အလိုအလျောက်စနစ်က နေ့စဉ် သူတို့အတွက် လတ်ဆတ်တဲ့ အာဟာရအရည်တွေ လဲပေးမှာပါ” ဟု “လူလုပ် လူသားသန္ဓေသား” အာကာသသိပ္ပံစမ်းသပ်မှု အစီအစဉ် တာဝန်ခံ ယွီလဲ့ချန်းက မိတ်ဆက်ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အဆိုပါစမ်းသပ်မှုမှတစ်ဆင့် လူသားတို့ အနာဂတ်တွင် အာကာသအတွင်း၌ ကာလကြာရှည်စွာ အခြေချမှု၊ ရှင်သန်နေထိုင်မှု၊ မျိုးပွားမှု စသည်တို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ကနဦးသုတေသနပြု လေ့လာမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူလုပ် လူသားသန္ဓေသားသည် ပင်မဆဲလ်ဖြင့် ဖွဲ့စည်းထားပြီး အစစ်အမှန် သန္ဓေသားနှင့် အလွန်တူညီသည့် ဖွဲ့စည်းပုံတစ်မျိုးဖြစ်သည်။ “ဒါကြောင့် လူလုပ် လူသားသန္ဓေသားဆိုတာက လူသားပင်မဆဲလ်ကို ကုန်ကြမ်းအဖြစ်သုံးပြီး ပြုလုပ်ပြင်ဆင်ထားတာပါ” ၊ “ဒါကလူသားသန္ဓေသား အစစ်အမှန် မဟုတ်ပါဘူး၊ လူတစ်ယောက်အဖြစ် ကြီးထွားလာဖို့ စွမ်းရည်မရှိပါဘူး၊ ဒါပေမဲ့ လူသားအစောပိုင်းကာလ ကြီးထွားတိုးတက်မှုကို သုတေသနပြုလုပ်ဖို့အတွက် မော်ဒယ်အနေနဲ့ အသုံးပြုလို့ရပါတယ်” ဟု ယွီလဲ့ချန်းက အလေးထား ပြောကြားခဲ့သည်။
“လူလုပ် လူသားသန္ဓေသား” စမ်းသပ်ရန်နမူနာတွင် မော်ဒယ်အမျိုးအစား နှစ်မျိုးပါဝင်သည်။ တစ်မျိုးမှာ သားအိမ်ဆဲလ်ပေါ်တွင် ထည့်ထားခြင်းဖြစ်ပြီး တစ်မျိုးမှာမူ microfluidic ချိ(ပ်စ်) ထဲတွင် ထည့်ထားရာ အာကာသအတွင်း Microgravity ပတ်ဝန်းကျင်က လူသားသန္ဓေသား ကနဦးကာလ ကြီးထွားတိုးတက်မှုအပေါ် သက်ရောက်မှုကို နားလည်သိရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းနှင့်အပြည့်အဝတူညီသည့် စမ်းသပ်မှု နမူနာကိုလည်း မြေပြင်စမ်းသပ်ခန်း၌ တစ်ပြိုင်နက်တည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အစီအစဉ်အရ “လူလုပ် လူသားသန္ဓေသား” ကို အာကာသအတွင်း၌ စမ်းသပ်မှုကာလ ၅ ရက်ကြာ လုပ်ဆောင်ပြီးနောက် စမ်းသပ်မှုနမူနာကို ဂြိုဟ်ပတ်လမ်းအတွင်း၌ အေးခဲထားကာ အခါအခွင့်သင့်ချိန်တွင် အာကာသယာဉ်နှင့်အတူ ကမ္ဘာမြေပြင်သို့ ပြန်လည်ဆင်းသက်မည်ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် မြေပြင်ဓာတ်ခွဲစမ်းသပ်ခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် အာကာသအတွင်းနှင့် မြေပြင်စမ်းသပ်ချက်အား နှိုင်းယှဉ်သုံးသပ်မှု လုပ်ဆောင်သွားမည်ဖြစ်သည်။
“အာကာသထဲနဲ့ မြေပြင်က စမ်းသပ်မှုနမူနာတွေ ကြီးထွားတိုးတက်မှု အခြေအနေကို နှိုင်းယှဉ်ခြင်းဖြင့် အာကာသပတ်ဝန်းကျင်က လူသားသန္ဓေသား ကနဦးကာလ ကြီးထွားတိုးတက်မှုအပေါ် သက်ရောက်မှုရှိတဲ့အချက်တွေ စူးစမ်းသုတေသနပြုလုပ်ကာ လူသားမျိုးနွယ်တွေ အာကာသအတွင်းမှာ ကာလကြာရှည်စွာ ရှင်သန်နေထိုင်ရာမှာ ရင်ဆိုင်ရမယ့် အန္တရာယ်နဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းသွားဖို့ မျှော်လင့်ပါတယ်” ယွီလဲ့ချန်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国空间站首次人类“人工胚胎”实验进展顺利
新华社北京5月13日电(记者李国利、刘艺)记者13日从中国科学院空间应用工程与技术中心了解到,随天舟十号上行太空的人类“人工胚胎”实验样本,已装置于中国空间站实验模块,目前实验进展顺利。
这是世界首次在太空开展的人类“人工胚胎”实验。
5月11日,包括“人工胚胎”在内的41项空间科学实验项目,随天舟十号货运飞船抵达空间站。当晚约10时,“人工胚胎”实验样本被在轨航天员装入空间站实验模块。
“目前实验进展非常顺利,预设好的自动化系统每天都会为它们更换新鲜的培养液。”“人工胚胎”空间科学实验项目负责人于乐谦介绍,他们将通过这项实验对关乎人类未来在太空长期驻留、生存、繁衍等问题展开前期研究。
人工胚胎,是用干细胞构建的与真正胚胎非常相似的一种结构。“那么,人类‘人工胚胎’,就是以人类干细胞为原材料制备的。”于乐谦强调,“这不是真正的人类胚胎,不具备发育成为个体的能力,但可作为模型用于人类早期发育研究。”
据了解,“人工胚胎”实验样本包括两款模型,一种是放在子宫细胞上,一种是置于微流控芯片里,旨在了解太空微重力环境对人类胚胎早期发育的影响。与之完全相同的实验样本,也同步在地面实验室开展。
根据计划,人类“人工胚胎”在太空完成5天的实验周期后,实验样本将在轨冻存并择机下行,后续回到地面实验室进行天地对比分析。
“期待通过天地实验样本的发育比对,探索研究空间环境对人类胚胎早期发育的影响因子,解决人类在太空长期生存面临的风险和挑战。”于乐谦说。(完)
图说:5月11日在北京航天飞行控制中心屏幕上拍摄的天舟十号货运飞船向空间站组合体靠拢的画面。新华社发(韩启扬 摄)
