Media
ယခုနှစ် ပထမလေးလတွင် တရုတ်နိုင်ငံ ယူနန် မိုဟန်နယ်စပ်ဂိတ်မှ ဒူးရင်းသီးတင်သွင်းမှု တန်ချိန် ၁၂၀,၀၀၀ ကျော်ရှိ
ယူနန်၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ ဒူးရင်းသီးများ အလွန်လျင်မြန်စွာ ဝင်ရောက်လာရာ ယခုနှစ် ပထမလေးလတွင် ယူနန် မိုဟန်နယ်စပ်ဂိတ်မှ ဒူးရင်းသီးတင်သွင်းမှု တန်ချိန် ၁၂၀,၀၀၀ ကျော်ရှိလာပြီး ယမန်နှစ်ကာလတူထက် ၁.၇ ဆ တိုးမြင့်လာသည်။ လက်ရှိတွင် တရုတ်-လာအို-ထိုင်း အအေးခန်းကွင်းဆက် (Cold Chain) သီးသန့်ရထားတွဲ ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ယင်းမှာ ထိုင်းဒူးရင်းသီးများကို ခရီးစဉ်တစ်လျှောက် သေတ္တာတစ်ခုတည်းဖြင့် အမြန်ဆုံး ၃ ရက်အတွင်း တရုတ်ပြည်တွင်းဈေးကွက်သို့ လတ်လတ်ဆတ်ဆတ် တိုက်ရိုက်ရောက်ရှိနိုင်သလို ပို့ဆောင်ရေးစရိတ် ၁၅ ရာခိုင်နှုန်း၊ ထိခိုက်ပျက်စီးမှု ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပြီး စားသုံးသူများအနေဖြင့်လည်း အရည်အသွေးမီလတ်ဆတ်သော ဒူးရင်းသီးများကို စားသုံးနိုင်ပေသည်။ (Xinhua)
