Asia
ထိုင်းနိုင်ငံ ရထားနှင့် ဘတ်စ်ကား ယာဉ်တိုက်မှုတွင် ရထားမောင်းသူက မူးယစ်ဆေးဝါး သုံးစွဲကြောင်း သံသယရှိ
ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် ရထားနှင့် ဘတ်စ်ကား ယာဉ်တိုက်မှုတွင် ပါဝင်သည့် ရထားမောင်းသူအား ဆီးစစ်ချက် ကနဦးရလဒ်အရ ၎င်းခန္ဓာကိုယ်အတွင်း၌ မူးယစ်ဆေးဝါး ပါဝင်ပစ္စည်းများ စစ်ဆေးတွေ့ရှိကြောင်း ထိုင်းနိုင်ငံ မီဒီယာများ၏ မေ ၁၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။
မေ ၁၆ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ ရထားလမ်းဝတစ်နေရာ၌ လမ်းပန်းဆက်သွယ်ရေး မတော်တဆဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ရာ ချာချင်ဆာဝ်ပြည်နယ်မှ ဘန်ကောက်မြို့ ဘန်ဆူးဘူတာသို့ ခုတ်မောင်းလာသည့် ကုန်တင်ရထားတစ်စင်းသည် ဘတ်စ်ကားတစ်စင်းနှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မတော်တဆဖြစ်မှုကြောင့် ကားနှင့် ဆိုင်ကယ်များစွာလည်း ထိခိုက်ခဲ့ပြီး အချင်းဖြစ်ပွားရာနေရာ၌ မီးလောင်ကျွမ်းကာ ပေါက်ကွဲသံများ ပေါ်ထွက်ခဲ့သည်။ ထိုမတော်တဆဖြစ်ရပ်ကြောင့် သေဆုံးသူ ၈ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၃၂ ဦးရှိကြောင်း၊ သေဆုံးသူများမှာ ဘတ်စ်ကားပေါ်လိုက်ပါလာသူများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်က မေ ၁၆ ရက် ညပိုင်းတွင် ဘန်ကောက်မြို့ ရထားနှင့် ဘတ်စ်ကား ယာဉ်တိုက်မှု အချင်းဖြစ်ပွားရာနေရာ၌ အဆိုပါမတော်တဆဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းရင်းအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်၊ ထိခိုက်သူများအား အစွမ်းကုန်ကယ်ဆယ်ကူညီရန် အမိန့်ချမှတ်ခဲ့သည်။ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က မေ ၁၈ ရက်တွင် ရထားမောင်းသူနှင့် ရထားလမ်းဝ အချက်ပြသူ၏ အသေးစိတ် ဆီးစစ်ချက်ရလဒ်များကို ထုတ်ပြန်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာလူပုဂ္ဂိုလ်များအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
泰国火车与巴士相撞事故涉事火车司机疑似吸毒
新华社曼谷5月17日电(记者赵彩琳 常天童)据泰国媒体17日报道,曼谷16日发生的火车与巴士相撞事故中,涉事火车司机尿检初筛结果呈阳性,即体内含有毒品成分。 16日下午,曼谷一处铁路道口发生交通事故,一列由北柳府驶往曼谷挽赐站的货运火车,与
一辆公交车相撞。事故波及多辆轿车及摩托车,现场起火并传出爆炸声。事故已造成8人死亡、32人受伤。死者均为公交车上人员。
泰国总理阿努廷16日晚在曼谷火车与公交车相撞事故现场下令彻查事故原因,全力救助伤者。泰国警方称,将在18日公布火车司机及铁路道口信号员的详细尿检结果,并对相关人员提起诉讼。(完)
图说:这是5月16日在泰国曼谷拍摄的火车与巴士相撞事故现场。新华社记者 孙玮彤 摄
