China
တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ပြုလုပ်သည့် ပစ်ကယ်ဘော အားကစားပြိုင်ပွဲမှတစ်ဆင့် တရုတ်လူငယ်များနှင့် အမေရိကန်လူငယ်များက ချစ်ကြည်ရင်းနှီးမှုတည်ဆောက်
နန်ချန်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံမှ ဝက်စလေ ဂါဘရီရယ်လ်ဆင်နှင့် တရုတ်နိုင်ငံမှ ဝမ်ယွဲ့တို့သည် ဘာသာစကားချင်း မတူကြသော်လည်း ပစ်ကယ်ဘော (pickleball) ကစားကွင်းထဲတွင် သက်သောင့်သက်သာဖြင့် အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ကြသည်။
၂၀၂၆ ခုနှစ် တရုတ်-အမေရိကန် ချစ်ကြည်ရေးပစ်ကယ်ဘောပြိုင်ပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကန့်ကျိုးမြို့တွင် မေ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ရာ ယူတာနည်းပညာတက္ကသိုလ်၊ အော်ရီဂွန် ပစ်ကယ်ဘောအားကစား ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံမှ ပစ်ကယ်ဘောအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အော်ရီဂွန် ချစ်ကြည်ရေးပစ်ကယ်ဘော အမျိုးသားအသင်း၏ အသင်းခေါင်းဆောင် ဂါဘရီရယ်လ်ဆင်အဖို့ ထိုခရီးစဉ်မှာ လုံးဝမထင်မှတ်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။
“ဒါက အဘက်ဘက်မှာ သိပ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။ “ကျွန်တော် တရုတ်နိုင်ငံကိုရောက်ခဲ့တာ ဒါပထမဆုံးအကြိမ်ပါပဲ။ ဒီမှာရှိတဲ့သူအားလုံးက နွေးထွေးကြင်နာမှုကို ပေးပါတယ်။ တရုတ်နိုင်ငံကို ကိုယ်တိုင်မြင်တွေ့လိုက်ရတော့ ကျွန်တော်ကြားသိထားတဲ့ အရာတွေနဲ့ လုံးဝကိုတခြားစီပါပဲ။ ဒီကိုရောက်လာပြီးနောက်မှာ အရင်က ကျွန်တော်ရဲ့ထင်မြင်ချက် တော်တော်များများ ပြောင်းလဲသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဂါဘရီရယ်လ်ဆင်နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်မှ ကာယဆရာတစ်ဦးဖြစ်သည့် ဝမ်တို့မှာ ရိုးရှင်းသော စကားအသုံးအနှုန်းများ၊ အမူအရာများဖြင့် ကွင်းထဲတွင် အချင်းချင်းဆက်သွယ်ပြောဆိုခဲ့ကြသည်။ “ကျွန်တော်တို့ အခုမှတွေ့ဖူးကြတာဆိုပေမဲ့ ကျွန်တော်တို့ချင်း အပြန်အလှန်နားလည်မှု ရသွားတဲ့အချိန်မှာ သိပ်ပျော်ဖို့ကောင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပြိုင်ပွဲက အားကစားကိုအရင်းခံ၍ ဖြစ်တည်ပေါက်ဖွားလာသည့် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားသည်ကို ညွှန်ပြလျက်ရှိကာ ထိုသို့ ချစ်ကြည်ရင်းနှီးမှုမှာ လွန်ခဲ့သောတစ်နှစ်က ခရီးစဉ်၌ အစပြုခဲ့ခြင်းလည်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဧပြီလ၌ အမေရိကန်နိုင်ငံရှိ စာသင်ကျောင်း ၁၃ ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၄၄ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ငါးနှစ်အတွင်း အပြန်အလှန် ကူးလူးဖလှယ်ရေးနှင့် လေ့လာရေးအစီအစဉ်များအတွက် အမေရိကန်လူငယ် ၅၀,၀၀၀ အား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ရန် ရည်မှန်းထားသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ “ငါးနှစ်အတွင်း လူအယောက် ၅၀,၀၀၀” ဟူသော အစီအစဉ်အရ တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ကြသည်။
ရှန်ဟိုင်း၊ ဆန်းကျန့်နှင့် ပေကျင်းမြို့သို့ အလည်အပတ် သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် အဆိုပါ ကိုယ်စားလှယ်အဖွဲ့က သမ္မတ ရှီထံ စာရေးသားပေးပို့ကာ အဆိုပါအစီအစဉ်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ထိုခရီးစဉ်အတွင်း တရုတ်လူငယ်များနှင့် မမေ့နိုင်စရာ ချစ်ကြည်ရင်းနှီးမှုများကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြောင်း ထည့်သွင်းရေးသားခဲ့သည်။
သမ္မတရှီကလည်း ယင်းကိုယ်စားလှယ်အဖွဲ့ထံ ပြန်စာပေးပို့ခဲ့ကာ ပစ်ကယ်ဘောအားကစားနည်းမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ လူငယ်များအကြား ကူးလူးဆက်ဆံမှုအတွက် ချစ်ကြည်ရင်းနှီးမှု လမ်းစသစ်တစ်ခု ဖြစ်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260513/9c71265811fe4b0c9600990645236870/c.html

၁၉၇၁ ခုနှစ်က အသက် ၁၅ နှစ်အရွယ်၌ တရုတ်နိုင်ငံသို့ လာရောက်သော အမေရိကန် စားပွဲတင်တင်းနစ် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည့် ဂျူဒီ ဟိုးဖရော့စ် ၂၀၂၆ ခုနှစ် တရုတ်-အမေရိကန် ချစ်ကြည်ရေး ပစ်ကယ်ဘော (pickleball) ပြိုင်ပွဲ၌ ပါဝင်ကစားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းအားကစားတက္ကသိုလ်၌ တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရေးပြိုင်ပွဲ ယှဉ်ပြိုင်မည့် နှစ်ဖက်ကစားသမားများ အမှတ်တရဓာတ်ပုံ ရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Chinese, American youths bond through pickleball at east China event
NANCHANG, May 13 (Xinhua) — Although they did not speak the same language, Wesley Gabrielson of the United States and his Chinese partner Wang Yue connected effortlessly on the pickleball court.
The 2026 China-U.S. Friendship Pickleball Event was held in Ganzhou City in east China’s Jiangxi Province from May 8 to 11, featuring young players from Utah Tech University, the Oregon Friendship Pickleball Delegation and Chinese pickleball teams.
For Gabrielson, captain of the Oregon Friendship Pickleball men’s team, the trip was nothing short of incredible.
“It’s just been a great experience overall,” he said. “This is my first time in China, everyone here brings such warmth. Seeing China is totally different from hearing about it. A lot of my previous impressions have been refreshed after coming here.”
Gabrielson and Wang, a PE teacher from south China’s Guangdong Province, communicated on the court with simple phrases and hand gestures. “We’d only just met, but once we got that connection going, it was just so much fun,” he added.
The event offered a glimpse of a growing cross-border friendship sparked by the sport, one that traces its roots to a visit a year ago.
In April 2025, a group of 44 teachers and students from 13 U.S. schools visited China under Chinese President Xi Jinping’s “50,000 in Five Years” initiative, which aims to bring 50,000 young Americans to China for exchange and study programs in a five-year span.
After visiting Shanghai, Shenzhen and Beijing, the delegation sent a letter to Xi, expressing their gratitude for the initiative, noting they had forged unforgettable friendships with Chinese youths during the trip.
Xi replied to the delegation’s letter, saying he was pleased to see that pickleball has become a new bond for youth exchanges between China and the United States.
https://english.news.cn/20260513/9c71265811fe4b0c9600990645236870/c.html
English Caption 1
Wesley Gabrielson (L), captain of the Oregon Friendship Pickleball men’s team, plays pickleball with Chinese player Liu Mingyang (C) and Tang Yutong during the 2026 China-U.S. Friendship Pickleball Event held in Shangyou County of Ganzhou City, east China’s Jiangxi Province, May 9, 2026. (Xinhua/Hu Chenhuan)
English Caption 2
This photo shows Judy Hoarfrost, who joined a U.S. table tennis delegation to China in 1971 at the age of 15, playing pickleball during the 2026 China-U.S. Friendship Pickleball Event. (Xinhua/Hu Chenhuan)
English Caption 3
Players of a China-U.S. table tennis friendly match pose for a selfie at Shanghai University of Sport in Shanghai, east China, April 13, 2026. (Xinhua/Wang Xiang)
