Connect with us

International Organizations

ဘာစီလိုနာက ဖလစ်ခ်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

စပိန်နိုင်ငံ အယ်လ်ချီမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က အယ်လ်ချီအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမန်နေဂျာ ဟန်ဆီ ဖလစ်ခ် အမူအရာဖြင့် ညွှန်ပြနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်း၏ နည်းပြချုပ် ဟန်ဆီ ဖလစ်ခ်က အနည်းဆုံး ၂၀၂၈ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း အသင်းက မေ ၁၈ ရက်၌ အတည်ပြုခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က အလာဗက်စ်အသင်းနှင့် လာလီဂါခရီးစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖလစ်ခ်က စာချုပ်သစ်ချုပ်ဆိုရန် သဘောတူထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အဆိုပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ဘာစီလိုနာအသင်းနဲ့ ဟန်ဆီ ဖလစ်ခ်က သူ့ကို ၂၀၂၈ ခုနှစ် ဇွန် ၃၀ ရက်အထိ ကလပ်အသင်းမှာ ဆက်ရှိစေပြီး နောက်ထပ်ရာသီတစ်ခုအတွက် ရွေးချယ်ခွင့်လည်း ပါဝင်တဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ သဘောတူလိုက်ကြပါတယ်” ဟု ကလပ်၏ ကြေညာချက်၌ ဖော်ပြထားသည်။
သက်တမ်းတိုးခြင်းကြောင့် အသက် ၆၁ နှစ်အရွယ် နည်းပြ ဖလစ်ခ်အနေဖြင့် အသင်းကို ငါးနှစ်ကြာ တာဝန်ယူနိုင်မည်ဖြစ်ပြီး နှစ်ဖက်စလုံး ကျေနပ်မှုရှိပါက ၎င်းအနေဖြင့် ပိုမိုကြာရှည်စွာ တာဝန်ထမ်းဆောင်ရန် ပယ်ချထားခြင်း မရှိပေ။
ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီအသင်းတို့၏ နည်းပြဟောင်း ဖလစ်ခ်က ဇာဗီ ဟာနန်ဒက်ဇ်၏နေရာတွင် အစားထိုးရန် ၂၀၂၄ ခုနှစ် ဇူလိုင်တွင် ဘာစီလိုနာသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ ပထမဆုံးရာသီတွင် ကလပ်အသင်းကို စပိန်စူပါဖလား၊ စပိန်လာလီဂါနှင့် ကိုပါဒယ်ရေးပြိုင်ပွဲတို့သို့ ရောက်ရှိစေခဲ့သည်။
ထို့နောက် ဘာစီလိုနာအသင်းအနေဖြင့် စပိန်စူပါဖလားကိုလည်း ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီး ကစားရန် တစ်ပွဲကျန်ရှိနေသေးချိန်တွင် ရီးရဲလ်မက်ဒရစ်ထက် ၁၁ မှတ်အသာဖြင့် အဆုံးသတ်၍ ယခုရာသီတွင် လိဂ်ချန်ပီယံဆုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
နူးကမ့်ကွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်၌ ဘာစီလိုနာအသင်းက မြို့၏ လူကြိုက်မများသော အိုလံပစ်အားကစားကွင်းတွင် နှစ်ရာသီကြာ ကစားခဲ့ရသည့်တိုင် ဖလစ်ခ်၏ အောင်မြင်မှုက ရောက်ရှိလာခဲ့သည်။
ဖလစ်ခ်၏ အကြီးမားဆုံးအောင်မြင်မှုများအနက် တစ်ခုမှာ လူငယ်ကစားသမားများအား ပထမအသင်းတွင် ထည့်သွင်းနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးအခြေအနေကြောင့် အပြောင်းအရွှေ့နှင့် လုပ်ခလစာကန့်သတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည့်ကာလအတွင်း ပေါ် ကူဘာစီ၊ လာမင်း ယာမားလ်နှင့် မာ့ခ် ဘာနယ်တို့အားလုံးက အဓိကကစားသမားများ ဖြစ်လာခဲ့သည်။
စုစုပေါင်းအားဖြင့် ဖလစ်ခ်က လွန်ခဲ့သည့် နှစ်နှစ်အတွင်း အကယ်ဒမီကစားသမား ၁၃ ဦးအား ပထမအသင်းတွင် ပွဲဦးထွက်ကစားခွင့်များ ပေးခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် လွန်ခဲ့သည့်ရာသီတွင် ဆီမီးဖိုင်နယ်၌ အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ကာ ယခုနှစ် ကွာတားဖိုင်နယ်တွင် အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအခါ ဂျာမနီနိုင်ငံသား ဖလစ်ခ်က ချန်ပီယံလိဂ်ဖလားရရှိရန် အာရုံစိုက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ Joan Gamper လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးကွင်းဆင်းချိန်သို့ လာရောက်သည့် ဘာစီလိုနာအသင်း နည်းပြချုပ် ဟန်ဆီ ဖလစ်ခ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Barcelona extends Flick contract through 2028
MADRID, May 18 (Xinhua) — FC Barcelona confirmed Monday that head coach Hansi Flick has signed a contract extension until at least June 2028.
The announcement came after Flick revealed during a press conference ahead of last week’s La Liga trip to Alaves that he had agreed to a new deal.
“FC Barcelona and Hansi Flick have reached an agreement to extend his contract, tying him to the club until 30 June 2028 with the option for an additional season,” read a club statement.
The extension means the 61-year-old could spend five years in charge of the club, although Flick has not ruled out staying even longer if both sides remain satisfied.
The former Bayern Munich and Germany coach arrived at Barcelona in July 2024 to replace Xavi Hernandez. In his first season, he guided the club to the Spanish Super Cup, La Liga and the Copa del Rey.
Barcelona followed that by winning another Spanish Super Cup and retaining the league title this season, finishing 11 points ahead of Real Madrid with one game remaining.
Flick’s success has come despite Barcelona spending two seasons playing at the city’s unpopular Olympic Stadium while Camp Nou underwent redevelopment work.
One of Flick’s biggest achievements has been integrating youth players into the first team, with Pau Cubarsi, Lamine Yamal and Marc Bernal all becoming key figures during a period in which Barcelona has faced transfer and wage restrictions because of its financial situation.
In total, Flick has handed first-team debuts to 13 academy players over the past two years.
The German has now turned his attention to winning the Champions League after Barcelona lost to Inter Milan in the semifinals last season, and was eliminated by Atletico Madrid in this year’s quarterfinals. ■
English Caption 1
Hansi Flick, manager of Barcelona gestures during the La Liga football match between Elche and Barcelona in Elche, Spain, Jan. 31, 2026. (Stringer/Xinhua)
English Caption 2
FC Barcelona’s head coach Hansi Flick attends a training session at the Joan Gamper training ground, near Barcelona, Spain, on July 19, 2024. (Photo by Joan Gosa/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117