Connect with us

International Organizations

ရာသီကုန်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ကာဗာဂျယ် ထွက်ခွာမည်

ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်တွင် ဒေါ့မွန်အသင်းနှင့် ကစားရသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အောင်ပွဲခံနေသည့် ရီးရဲလ်မက်ဒရစ်အသင်းမှ ဒါနီ ကာဗာဂျယ်ကို ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အသက် ၃၄ နှစ်အရွယ် ဝါရင့်ညာနောက်ခံလူ ဒါနီ ကာဗာဂျယ်၏စာချုပ်ကို သက်တမ်းမတိုးရန် ဆုံးဖြတ်ချက်ချပြီးနောက် ကာဗာဂျယ်အနေဖြင့် ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက မေ ၁၈ ရက်၌ ကြေညာခဲ့သည်။
“ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသင်းခေါင်းဆောင် ဒါနီ ကာဗာဂျယ်တို့က အသင်းရဲ့ ကစားသမားတစ်ယောက်အနေနဲ့ အံ့သြဖွယ်ကောင်းတဲ့ အခန်းကဏ္ဍကို လက်ရှိရာသီကုန်မှာ အဆုံးသတ်ဖို့ သဘောတူညီလိုက်ကြပါတယ်” ဟု အသင်း၏ ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
“ကျွန်တော်တို့အသင်းအတွက်သာမက ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအပေါ် ကျေးဇူးတင်ကြောင်းနဲ့ ချစ်ခင်မှုကို ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ဖော်ပြလိုပါတယ်” ဟု ကြေညာချက်၌ ဖြည့်စွက်ဖော်ပြခဲ့ကာ ကာဗာဂျယ်မှာ ဥရောပဖလားခြောက်ကြိမ် ရရှိခဲ့သော ကစားသမားငါးဦးအနက် တစ်ဦးဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
ကာဗာဂျယ်က ရီးရဲလ်မက်ဒရစ်အသင်းသို့ အသက် ၁၀ နှစ်အရွယ်တွင် ဝင်ရောက်ခဲ့ပြီး အသင်း၏ ဗယ်လ်ဒီဘီဘတ်စ် လေ့ကျင့်ရေးကွင်း၌ ပထမဆုံးကျောက်တိုင်ကို အခမ်းအနားဖြင့် စိုက်ထူရန် အယ်လ်ဖရက်ဒို ဒီစတက်ဖာနိုနှင့်အတူ ရွေးချယ်ခံခဲ့ရသည်။ ဘေယာ လေဗာကူဆင်အသင်း၌ တစ်ရာသီကစားခဲ့ခြင်းမှအပ မက်ဒရစ်က ပြန်လည်ဝယ်ယူခွင့်စာချုပ်အား အသက်သွင်းခဲ့ပြီးနောက် ၎င်း၏ ကစားသမားဘဝတစ်လျှောက်လုံးကို ရီးရဲလ်မက်ဒရစ်အသင်း၌ပင် ကုန်ဆုံးခဲ့ပြီး ပြိုင်ပွဲစုံတွင် ၄၅၀ ပွဲကစားခဲ့ကာ ၁၄ ဂိုး သွင်းယူခဲ့သည်။
ကာဗာဂျယ်ကို “ရီးရဲလ်မက်ဒရစ်နှင့် ၎င်း၏အကယ်ဒမီသင်တန်းကျောင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးနှင့် သင်္ကေတတစ်ခု” အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ဖော်ပြခဲ့သည်။
“ကာဗာဂျယ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တန်ဖိုးတွေကို အမြဲတမ်း စံနမူနာဖြစ်စေခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အိမ်ဖြစ်ပြီး အမြဲတမ်းလည်း ဖြစ်နေမှာပါ” ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။
ကာဗာဂျယ်မှာ ယခုရာသီ၌ ဒဏ်ရာများဖြင့် ရုန်းကန်နေခဲ့ရပြီး ဒူးခွဲစိတ်မှုခံယူခဲ့ရသည့်အပြင် ကြွက်သားပြဿနာများလည်း ခံစားနေရသော်လည်း ဆီဗီလာအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် မေ ၁၇ ရက်က ပွဲစဉ်၌ ပွဲထွက်ကစားခဲ့ပြီး မေ ၁၈ ရက်က အဆိုပါကြေညာချက်အား ကြိုတင်အသိပေးမှုအဖြစ် သက်သေပြသည့်အနေဖြင့် အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့သည်။
အသင်းအတွက် ကာဗာဂျယ်၏နောက်ဆုံးပွဲစဉ်မှာ လာမည့်သီတင်းပတ်ကုန်၌ အက်သလက်တစ်ကလပ်အသင်းနှင့် ကစားမည့််ပွဲစဉ်ဖြစ်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ရီးရဲလ်မက်ဒရစ်နှင့် ရီးရဲလ်ဆိုစီဒက်တို့ ကစားခဲ့သည့် စပိန် လာလီဂါ ပွဲတွင် ဂိုးရပြီးနောက် အောင်ပွဲခံနေသည့် ဖီဒီဗဲလ်ဗာဒီ (ဝဲ) နှင့် ဒါနီကာဗာဂျယ် (အလယ်) တို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

…………………
(English Version)
Carvajal to leave Real Madrid at end of season
MADRID, May 18 (Xinhua) — Real Madrid announced Monday that veteran right back Dani Carvajal will leave the club at the end of the season after the decision was made not to extend the 34-year-old’s contract.
“Real Madrid C.F. and our captain Dani Carvajal have agreed to bring an end to a wonderful chapter as a player of our club at the conclusion of the current season,” read a club statement.
“Real Madrid wishes to express its gratitude and affection to one of the greatest legends of our club and world football,” the statement added, noting that Carvajal is one of only five players to have won six European Cup titles.
Carvajal joined Real Madrid at the age of 10 and was chosen to ceremonially lay the first stone of the club’s Valdebebas training ground alongside Alfredo Di Stefano. Apart from one season at Bayer Leverkusen, after which Madrid activated a buy-back clause, he has spent his entire career at the club, making 450 appearances in all competitions and scoring 14 goals.
Real Madrid president Florentino Perez described Carvajal as “a legend and a symbol of Real Madrid and its academy.”
“Carvajal has always exemplified the values of Real Madrid. This is and will always be his home,” Perez said.
Carvajal has struggled with injuries this season, undergoing knee surgery and also suffering muscle problems, but he started Sunday’s 1-0 win away to Sevilla and wore the captain’s armband in what proved to be a preview of Monday’s announcement.
His final appearance for the club is expected to come against Athletic Club next weekend. ■
English Caption 1
Dani Carvajal of Real Madrid celebrates scoring during the UEFA Champions League final against Borussia Dortmund in London, Britain, June 1, 2024. (Xinhua/Str)
English Caption 2
Federico Valverde (L) and Dani Carvajal (C) of Real Madrid celebrate a goal during a Spanish La Liga football match between Real Madrid and Real Sociedad in Madrid, Spain, Sept. 17, 2023. (Photo by Gustavo Valiente/Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117