Connect with us

International Organizations

ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့်အဆိုပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁၀ နှစ်ဆက်တိုက် ပယ်ချခဲ့

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၁၉ ရက် (ဆင်ဟွာ)

၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံကို မေ ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။ အချို့သောနိုင်ငံများက တင်သွင်းသည့် ‘ထိုင်ဝမ်အား လေ့လာသူအဖြစ် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ တက်ရောက်ခွင့်ပြုရန် ဖိတ်ကြားခြင်း’ ဟူသော အဆိုပြုချက်ကို ညီလာခံ၏ ဆွေးနွေးမည့် အစီအစဉ်၌ ထည့်သွင်းမှုအား ကမ္ဘာ့ကျန်းမာရေးညီလာခံက ငြင်းပယ်ရန် ဆုံးဖြတ်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ်က ညီလာခံ၌ ဆွေးနွေးရာတွင် ကမ္ဘာတွင် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြားမရသော တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်ဒေသ ပါဝင်ခြင်းသည် ကုလသမဂ္ဂညီလာခံ အမှတ် ၂၇၅၈ ဆုံးဖြတ်ချက်နှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ အမှတ် ၂၅.၁ ဆုံးဖြတ်ချက်အရ အတည်ပြုထားသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအရ စီမံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အာဏာပိုင်များက “ထိုင်ဝမ်ခွဲထွက်ရေး” ရပ်တည်ချက်ကို ခေါင်းမာစွာ လက်ကိုင်ထားခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်ဒေသပါဝင်မည့် နိုင်ငံရေးအခြေခံမှာ ပျက်ပြယ်သွားကြောင်း၊ ယခုအကြိမ် ညီလာခံမဖွင့်လှစ်မီ နိုင်ငံတကာ အသိုက်အဝန်းရှိ နိုင်ငံအများအပြားက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာထောက်ခံခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ် ပါဝင်တက်ရောက်မှုကို ငြင်းပယ်ခြင်း ဟူသော ရပ်တည်ချက်ကို တရုတ်နိုင်ငံထံသို့ ထပ်မံ ပြောကြားခဲ့ကြောင်း ကျာကွေ့တယ်က ထောက်ပြ ပြောကြားခဲ့သည်။

“နိုင်ငံတကာ ကပ်ရောဂါကာကွယ်ရေးစနစ် လစ်ဟာမှုရှိခြင်း” ဆိုသည်မှာ လုံးဝဥဿုံ အခြေအမြစ်မရှိ၊ ယုတ္တိကင်းမဲ့သည့် စကားဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဗဟိုအစိုးရသည် ထိုင်ဝမ်မွေးချင်းများ၏ ချမ်းသာသုခကို အစဉ်အမြဲအလေးထားရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ကိုက်ညီသည့်အခြေအနေတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် ထိုင်ဝမ်ဒေသပါဝင်နိုင်ရန်အတွက် သင့်လျော်ကောင်းမွန်စွာ စီစဉ်ပေးထားကြောင်း ကျာကွေ့တယ်က အလေးထား ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်စပ်လျဉ်းသည့်အဆိုသည် ကုလသမဂ္ဂကို ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို အခြေပြုထားသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းစည်းမျဉ်းများကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသခွဲထွက်ရေးအင်အားစုသည် ကိုယ်ကျိုးစီးပွား နိုင်ငံရေးအမြတ်ထုတ်မှုအတွက် အချို့သော နိုင်ငံများကို လှုံ့ဆော်ကာ ထိုင်ဝမ်နှင့်ပတ်သက်သည့် အဆိုပြုချက်များမှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုများကို ဖော်ဆောင်ရန် ကြိုးပမ်းနေခြင်းသည် လူထုသဘောထားကို ရရှိမည်မဟုတ်ဘဲ မလွဲမသွေ အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံအခမ်းအနားအား ၂၀၂၆ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
世界卫生大会连续第10年拒绝涉台提案
新华社日内瓦5月18日电(记者王露 焦倩)第79届世界卫生大会18日在瑞士日内瓦开幕。大会作出决定,拒绝将个别国家提出的所谓“邀请台湾以观察员身份参加世卫大会”的提案纳入大会议程。这是世卫大会连续第10年拒绝所谓涉台提案。
中国常驻联合国日内瓦办事处和瑞士其他国际组织代表贾桂德在大会发言表示,世界上只有一个中国,台湾是中国领土不可分割的一部分,中华人民共和国政府是代表全中国的唯一合法政府。台湾地区参与世卫大会问题,必须按联大第2758号决议和世卫大会第25.1号决议确认的一个中国原则来处理。
贾桂德指出,台湾民进党当局顽固坚持“台独”分裂立场,导致台湾地区参与世卫大会的政治基础不复存在。本届大会开幕前,国际社会绝大多数国家向中方重申坚定支持一个中国原则、反对台湾参加世卫大会的立场。
贾桂德强调,所谓“国际防疫体系缺口”纯属无稽之谈。中国中央政府始终高度重视台湾同胞福祉,在符合一个中国原则的前提下,对台湾地区参与世卫组织技术活动作出了妥善安排。涉台提案严重违反以联合国宪章宗旨和原则为基础的国际关系基本准则。台湾地区分裂势力为了一己政治利益,唆使个别国家通过涉台提案在世卫大会搞“台独”活动,注定不得人心,必然碰壁失败。(完)
1. 5月18日,在瑞士日内瓦,世界卫生组织总干事谭德塞致辞。新华社记者 王其冰 摄
2. 这是5月18日在瑞士日内瓦拍摄的世界卫生大会现场。新华社记者 王其冰 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117