Connect with us

Politics, Law & Military

ဗင်နီဇွဲလားနိုင်ငံသို့စစ်ရေး ကျူးကျော်မှုအား တရုတ် နိုင်ငံ အနေဖြင့် ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ပြောကြား

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Geng Shuang ကို တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဗင်နီးဇွဲလား နိုင်ငံတွင် အခြေအနေ တင်းမာမှု သို့မဟုတ် မတည်ငြိမ်မှုများ ဖြစ်ပွားစေနိုင်သည့် စစ်ရေး ကျူးကျော်မှုများ နှင့် မည်သည့် လုပ်ဆောင်မှုမျိုး မဆို တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံက ဗင်နီဇွဲလား အတိုက်အခံဘက်သို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများအား ဖေဖော်ဝါရီ ၂၃ ရက်တွင် ထောက်ပံ့ ပို့ဆောင် သွားမည့် သတင်းများ အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Geng Shuang က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် မှတ်ချက်ပြု တုန့်ပြန် ပြောကြားခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းသည် ပဋိပက္ခ ဖန်တီးရန် နှင့် စစ်ရေး ကျူးကျော်ရန် အတွက် ထောက်ပံ့ခြင်း ဖြစ်သည်ဟု ရည်ရွယ်ကြောင်း လေ့လာသုံးသပ်သူ တစ်ချို့က ယုံကြည်ကြသည်။

ဗင်နီဇွဲလား နိုင်ငံ အစိုးရ အနေဖြင့် ပဋိပက္ခ ကြီးကြီးမားမား ဖြစ်ပွားမှုများအား ထိရောက်စွာ ကြိုတင် ကာကွယ်ပြီး တည်ငြိမ်မှုများကို ထိန်းသိမ်းခဲ့ကြောင်း Geng Shuang က ပြောကြားခဲ့သည်။

ယင်းမှာ ဗင်နီဇွဲလား နိုင်ငံသို့လူသားချင်း စာနာထောက်ထားမှု အကူအညီများ အတင်းအကြပ် ပို့ဆောင်မည် ဆိုပါက အကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားစေသလို ပြင်းထန်သည့် အကျိုးဆက်များလည်း ဖြစ်ပေါ် လာနိုင်ကြောင်း ၊ ယင်းသို့ဖြစ်ရပ်အား မည်သူမျှ တွေ့မြင်လိုမည် မဟုတ်ကြောင်း Geng Shuang က ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117