Connect with us

Science & Technology

တရုတ် နိုင်ငံ၌ ပထမဆုံး လျှပ်စစ်ဓါတ်အားသုံး လေယာဉ်ပျံ ထုတ်လုပ်ရန် အတည်ပြု


ရှန်းရန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၌ ပထမဆုံး ပြည်တွင်းထုတ် လျှပ်စစ်ဓါတ်အားသုံး လေယာဉ်ပျံ ထုတ်လုပ်ရန် ပြည်တွင်း လေကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ထိုင်ခုံ နှစ်ခုပါ RX1E လေယာဉ်ပျံသည် တစ်နာရီခွဲ ကြာ အားသွင်းပြီးနောက် တစ်နာရီလျှင် မြန်နှုန်း ၁၂၀ ကီလိုမီတာ ဖြင့် ၄၅ မိနစ် ၆၀ မိနစ် ထိ ပျံသန်း မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ၎င်းအား ထုတ်လုပ်မည့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်းနင် အထွေထွေ လေကြောင်း သုတေသန အကယ်ဒမီ မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ Electric-powered aircraft အား တွေ့ရစဉ် (ဆင်ဟွာ)

သဘာဝ ပတ်ဝန်းကျင် နှင့် သင့်လျော်သည့် ၎င်းလေယာဉ်သည် ခိုင်မာသော ဈေးကွက် ရရှိနိုင်ပြီး အထူးသဖြင့် လေယာဉ်မှူး လေ့ကျင့်ရေး နှင့် ခရီးသွား လုပ်ငန်းများတွင် ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီ၏ ပြောကြားချက်အရာ ယခု အခါ လေယာဉ်ပျံ မှာယူမှု ၂၈ ခုရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117