Connect with us

Africa & Middle East

ဘူတာရုံ မီးလောင်မှုကြောင့် အီဂျစ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ဘူတာရုံမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် အီဂျစ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Hesham Arafatသည် အချင်းဖြစ်ပွားသည့်နေ့တွင် နုတ်ထွက်စာတင်ခဲ့ရာ ဝန်ကြီးချုပ် Mostafa Madbouly က လက်ခံခဲ့ကြောင်း သိရသည်။

ကိုင်ရိုမြို့ Ramses ဘူတာရုံတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ လက်ရှိအချိန်ထိ သေဆုံးသူ အယောက် ၂၀ရှိပြီး ဒဏ်ရာရသူ ၄၃ ယောက် ရှိကြောင်းသိရသည်။

မီးရထားတစ်စီးသည် ဘူတာသို့ အရှိန်မလျော့ဘဲဝင်ရောက်ခဲ့ရာ အရှိန်လျော့မောင်းနှင်ရန်ဧရိယာသို့ အရောက်တွင် ဘေးအကာသို့ဝင်တိုက်မိပြီး ရထားစက်ခေါင်း ဆီယိုစိမ့်ပေါက်ကွဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း အီဂျစ် ရထားသံလမ်းဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် Mostafa Madbouly သည် အချင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ ကူညီကယ်ဆယ် ရန် ညွှန်ကြားလျက်ရှိပြီး တာဝန်ရှိသူကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ၊ သေဆုံးသူ မိသားစုဝင်များနှင့်ဒဏ်ရာရသူများကို ထောက်ပံ့ကြေးများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ သတင်းများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.