Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီးတွင် ရေနံခပ်စဉ် သံပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်း

ရေနံမှော်အတွင်း မီးလောင်နေမှုအားတွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ ထန်းကိုင်းဒေသရေနံမြေရှိ ရေနံမှော်အတွင်း ရေနံခပ်စဉ် ရေနံခွက်နှင့် သံကတော့ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေနံမှော်၌ မတ် ၂၇ ရက် မွန်းလွဲပိုင်းက ရေနံခပ်ခွက်ပါ ရေနံစိမ်းအား သိုလှောင်ကန်အတွင်းသို့ သွယ်တန်းထားသည့် ပလတ်စတစ်ထိပ်တွင် တပ်ဆင်ထားသော သံကတော့အတွင်း လောင်းထည့်ရာ ရေနံခွက်နှင့် သံကတော့ တို့ပွတ်တိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ယင်းမီးလောင်ကျွမ်းမှုကြောင့် ရေနံစိမ်းဂါလံ(၂၅၀)ခန့် မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည့် မင်းကျော်ဦး(ခ)ကိုမင်း အား မင်းလှမြို့မရဲစခန်း(ပ)၁၄၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117