Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံး

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီ ၁ ရက်နှင့် ၂ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၅ ခု၊ မြို့နယ် ၉ ခု၊ ရပ်ကွက်/ကျေးရွာ ၃၂ ခုတို့၌ နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နေအိမ် ၁၀လုံး ပြိုကျခဲ့ပြီး နေအိမ် ၁၀၈လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထွေ/အုပ်ရုံး ၁ ရုံး၊ စားသုံးသူ ရေးရာဦးစီးဌာနရုံး ၁ ရုံး၊ စာကြည့်တိုက် ၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားတန်ဆောင်း ၁ ခု၊ စပါးကျီ ၁ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ငန်ဇောလ် ကျေးရွာ၌ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ဧပြီ ၂ ရက်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ စာသင်ကျောင်း၊ ဘုရားတန်ဆောင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.