Connect with us

North America

အမေရိကန် နိုင်ငံ ချီကာဂိုတွင် လူမည်း လူငယ်တစ်ဦး သေနတ် ပစ်ခတ် ခံရသဖြင့် မြို့တော်ဝန်အား ရာထူးမှ နှုတ်ထွက်ပေးရန် ပြည်သူများ တောင်းဆို

ချီကာဂို မြို့တော်ဝန် ရမ်အီမန်နျူရယ် ( Rahm EmanueL) အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ချီကာဂို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ချီကာဂို မြို့တော်ဝန် ရမ်အီမန်နျူရယ် ( Rahm EmanueL) က ဒီဇင်ဘာ ၈ ရက်နေ့က ပြည်သူ့ ခန်းမတွင် လူဖြူ ရဲဝန်ထမ်းက အသက် ၁၇ နှစ် အရွယ် လူမည်း အမေရိကန် နိုင်ငံသား တစ်ဦး သေဆုံးစေခဲ့မှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ သို့သော် ရာနှင့် ချီသော ပြည်သူ လူထုများက ချီကာဂို မြို့တော်ဝန်ကို ရာထူးမှ နှုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။

ဆန္ဒပြသူများ က ချီကာဂို မြို့တော်ဝန် ရမ်အီမန်နျူရယ်က တောင်းပန်ရုံနှင့် မလုံလောက်ကြောင်း ယင်းအခင်း ဖြစ်ပွားမှုသည် ၎င်းမြို့တော်ဝန်တွင် တာဝန်ရှိကြောင်း သို့မှသာ ရဲဝန်ထမ်းများက ပွင့်လင်း မြင်သာစွာ တာဝန် ဆက်လက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် နိုင်ငံ လူဖြူ ရဲဝန်ထမ်းတစ်ဦးက လူမည်း လူငယ်တစ်ဦးအား သေနတ် ၁၆ ချက် ပစ်ခတ်ကာ သေဆုံးခဲ့သည်။ ယခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် ဆိုရှယ် မီဒီယာများ၌ ရဲဝန်ထမ်းမှ လူမည်း အမေရိကန် နိုင်ငံသားများအား ချုပ်နှောင်ထားသည့် ဗီဒီယိုဖိုင်များ တက်လာသည်။

ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ချီကာဂို ရဲဌာနချုပ် ရဲမှူးကြီးအား ရာထူးမှ ဖယ်ရှားမည် ဖြစ်ကြောင်း ၊ မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်မည် မဟုတ်ကြောင်း မြို့တော်ဝန် ရမ်အီမန်နျူရယ် ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်နိုင်ငံ ဖာဂူဆန်မြို့တွင်လည်း အသက် ၁၈ နှစ်အရွယ် အမေရိကန် နိုင်ငံသား လူမည်းတစ်ဦးမှာ လူဖြူ ရဲဝန်ထမ်းက စစ်ဆေး စုံစမ်းမှု ပြုလုပ်နေစဉ် အတွင်း သေဆုံးခဲ့ရသည်။ ထို့နောက်ပိုင်းတွင်လည်း အမေရိကန် နိုင်ငံတွင် လူမျိုးရေး ပြဿနာများ ဖြစ်ပွားခဲ့ပြီး ဆန့်ကျင့် ဆန္ဒပြပွဲများလည်း ဖြစ်ပွား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117