Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ၁၅ ဦး သေဆုံးပြီး ရောဂါဖြစ်ပွားသူ ၁၅,၀၀၀ ဦးကျော်ရှိ

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ခြင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ မေ ၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ပထမလေးလပတ်တွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါဖြစ်ပွားသူ ၁၅,၀၀၀ ဦးကျော်ရှိကြောင်း ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ရေးယူနစ်က မေလ ၃ ရက်၌ ပြောကြားလိုက်သည်။

ဧပြီလ ၃၀ ရက်အထိ ရောဂါဖြစ်ပွားမှုစုစုပေါင်း ၁၅,၄၀၇ မှု ရှိခဲ့ကြောင်း၊ ယင်းအနက် ကိုလံဘိုခရိုင်တွင် ၃,၄၀၅ မှုဖြင့် အရေအတွက် အများဆုံးဖြစ်ပြီး ကိုလံဘိုခရိုင်အစွန်အဖျားရှိ ဂမ်ပါဟာမြို့တွင် ၂,၀၀၇ မှုနှင့် ဂျက်ဖ်နာမြို့တွင် ၁,၇၈၃ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ မထိန်းနိုင်အောင်အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ မူးဝေခြင်းနှင့် ဆီးသွားနည်းခြင်းတို့ ခံစားရပါက ကျန်းမာစောင့်ရှောက်မှု ချက်ချင်းခံယူရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

“ဖျားနာသူ လူနာများအားလုံး အနားယူကြရန်နှင့် အလုပ် သို့မဟုတ် ကျောင်းသို့ မသွားကြဘဲ နေသင့်တယ်” ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ရေးပညာရှင်များက ဖြည့်စွက်ပြောခဲ့သည်။

၂၀၁၈ ခုနှစ်က သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ ၅၀ ဦး သေဆုံးပြီး ၄၈,၀၀၀ ဦးကျော် ရောဂါကူးစက်ခံရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.