Connect with us

Asia

အိန္ဒိယက အမေရိကန်ကုန်ပစ္စည်း ၂၈ မျိုးအပေါ် တုန့်ပြန် အခွန်စည်းကြပ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြင်ကွင်း တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်နိုင်ငံ သွင်းကုန်ပစ္စည်း ၂၈ မျိုးအပေါ် ဇွန် ၁၆ ရက်မှစ၍ အခွန်စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဘင်္ဂလားဆီးသီးအဆံ(apricot kernel)၊ ပဲအမျိုးအမျိုးနှင့် သစ်ကြားသီး အပါအဝင် အမေရိကန် ကုန်ပစ္စည်း ၂၈ မျိုးကို အခွန်စည်းကြပ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ အခွန်စည်းကြပ်မည့်ကုန်ပစ္စည်းအမည်စာရင်းတွင် ယခင်က ၂၉ မျိုးဖြစ်ရာ ယခုထုတ်ပြန်သည့် ကြေညာချက်တွင် ပုဇွန်အမျိုးအစားကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

သံမဏိ၊အလူမီနီယံကုန်ပစ္စည်းများအပေါ်အမေရိကန်နိုင်ငံက အခွန်အစည်းကြပ်မှုအား လက်တုန့်ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သောနှစ် ဇွန်လတွင် အဆိုပါအခွန်စည်းကြပ်မည့်အမည်စာရင်းကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လိုရာ အခွန်စည်းကြပ်မည့်ကာလကို အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုနှစ် ဇွန်လ ၅ ရက်တွင်မေရိကန်အစိုးရက အိန္ဒိယသည် သင့်တင့်မျှတသည့် ဈေးကွက်ဝင်ရောက်မှုအာမခံချက် မပေးနိုင်ဟု အကြောင်းပြကာ အိန္ဒိယ၏ အကောက်ခွန် သက်သာခွင့် (GSP)ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှု ပိုမို၍ တင်းမာလာကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117