Connect with us

Asia

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ဆေးရုံအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံရှိ ဆေးရုံကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် နန်ကာနာဆာဟစ်ခရိုင်ရှိ ဆေးရုံတစ်ရုံအတွင်း အဖွဲ့နှစ်ဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်းများအရ ဇွန်လ ၁၇ ရက်ညပိုင်းတွင် နန်ကာနာဆာဟစ်ခရိုင်ဆေးရုံ အရေးပေါ်ဌာန၌ အဖွဲ့နှစ်ဖွဲ့အကြား မဖြစ်စလောက်အငြင်းပွားမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကာ အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများအနက် တစ်ဦးမှာ ယင်းခရိုင်အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဆေးရုံရှိသတင်းရင်းမြစ်များအဆိုအရ ဒဏ်ရာရသူများအနက် အနည်းဆုံး ၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း သိရသည်။ (Xinhua)