Connect with us

Asia

သီရိလင်္ကာတွင် တစ်နိုင်ငံလုံးအရေးပေါ်ကာလကို ထပ်မံတိုးမြင့်

ပေါက်ကွဲမှုအတွင်း သေဆုံးသူများအတွက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဘုရားကျောင်းတစ်ခုတွင် ဆုတောင်းဝတ်ပြုနေစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ဇွန်လ ၂၂ ရက်မှစ၍ တစ်နိုင်ငံလုံး အရေးပေါ်ကာလကို နောက်ထပ်တစ်လ တိုးမြင့်ကြောင်း သီရိလင်္ကာ သမ္မတ Maithripala Sirisenaက ယင်းနေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။

အများပြည်သူနှင့်လူ့အဖွဲ့အစည်းလုံခြုံရေး အာမခံမှုရှိစေနိုင်ရန်အတွက် အရေးပေါ်ကာလကို တိုးမြင့်သတ်မှတ်ရခြင်းဖြစ်ကြောင်း သမ္မတMaithripala Sirisenaက ဆိုသည်။

ဧပြီ ၂၁ ရက်က သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ ဘုရားကျောင်းများနှင့်အဆင့်မြင့် ဟိုတယ်ကြီးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားရာ လူပေါင်း၂၅၀ ကျော် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။ ဧပြီ ၂၃ ရက်တွင် တစ်နိုင်ငံလုံး အရေးပေါ်ကာလအဖြစ် သတ်မှတ်ခဲ့ပြီး မေ ၂၂ ရက်တွင် သမ္မတMaithripala Sirisenaက အရေးပေါ်ကာလကို တစ်လထပ်တိုးကြောင်း ကြေညာခဲ့သည်။

သီရိလင်္ကာရဲဘက်ဆိုင်ရာက ပေါက်ကွဲမှုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ ၉ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားမှုနှင့်သက်ဆိုင်သည့် သံသယရှိသူ အများစုကို အမှုစီရင်ရန် ဖမ်းဆီးထားပြီဖြစ်ကြောင်း လွန်ခဲ့သော ရက်များက ဆိုသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117