Education & Health
ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ ၁၉၅ ဦးထိတိုးလာပြီး သေဆုံးသူ ၃၇ ဦးရှိ
ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
နိုင်ငံတစ်ဝန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ရက်အထိ ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ ၁၉၅ ဦးထိ တိုးလာပြီး သေဆုံးသူ ၃၄ ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၀ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၁၉၅ ဦး ရှိရာ သေဆုံးသူ ၃၇ ဦးထိ ရှိလာပြီး
ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၅၃၇ ဦး ရှိကြောင်း သိရသည်။
သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၉ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ငါးခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)