Connect with us

Local

စတော့ရှယ်ယာ ဈေးကွက် အကြောင်း ပိုမို သိရှိနားလည်စေရေး ရည်ရွယ်၍ YSX Expo 2019 ကျင်းပ


ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက် ပိုမို များပြားလာစေရေး ၊ စတော့ရှယ်ယာ ဈေးကွက် အကြောင်း အများပြည်သူတို့ပိုမို သိရှိ နားလည်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် YSX Expo 2019 အခမ်းအနားကို ရန်ကုန်မြို ့၌ ယနေ့တွင် တတိယ အကြိမ်မြောက် အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက “ယခုအခါမှာ စတော့ ရှယ်ယာ ဈေးကွက် ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ရန်ကုန် စတော့ အိတ်ချိန်းရဲ ့ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ၊ စာရင်းဝင် ကုမ္ပဏီများ ၊ ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီ များနဲ့ သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်း အားလုံး ပူးပေါင်း ပေါင်းစပ် ညှိနှိုင်းပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။”ဟု ပြောကြား ခဲ့သည်။

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

YSX Expo 2019 အခမ်းအနား ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

YSX Expo 2019 အခမ်းအနား ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုအခါတွင် ရန်ကုန် စတော့ အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ၅ ခုသည် ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီ ၆ ခုမှတဆင့် အရောင်းအဝယ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စတော့ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူများ ပို၍ အဆင်ပြေပြေ အရောင်းအဝယ် ဆောင်ရွက်နိုင်ရန် အွန်လိုင်းမှ အရောင်း အဝယ် trading ပြုလုပ်ခွင့် ခွင့်ပြု ပေးထားပြီး ဖြစ်ကြောင်း ၊ ရန်ကုန် စတော့အိတ်ချိန်း၌ အရောင်းအဝယ်ပြုလုပ်သည့် matching time များကို လည်း စတင် ဖွင့်လှစ်ချိန်က နှစ်ကြိမ်သာ လုပ်ခဲ့ရာမှ ယခုအခါ လေးကြိမ် တိုးမြှင့် ဆောင်ရွက် ပေးလျက် ရှိကြောင်း ၊ ထို့အတူ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ နှင့် အညီ နိုင်ငံခြားသားများ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ပြီး ရင်းနှီး မြှုပ်နှံနိုင်ရန်လည်း ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ရန်ကုန်စတော့အိတ်ချိန်း နှင့် ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများ ၊ စာရင်းဝင် ကုမ္ပဏီများ တိုးတက်ရေး ၊ အဖွဲ့အစည်းလိုက် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ရင်းနှီးမြှုပ်နှံသူများ တိုးတက်ရေး ၊ ရင်းနှီး မြှုပ်နှံသူများကို အပြည့်အဝကာကွယ်ပေးရေး ၊ အရင်းအနှီး ဈေးကွက်ဆိုင်ရာ အသိပညာ ဗဟုသုတများ ဖြန့်ဝေရေးတို့ကို ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန် စတော့ အိတ်ချိန်းမှ ကြီးမှူးကျင်းပသော YSX Expo 2019 အခမ်းအနားတွင် စတော့ ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများ အတွက် စာရင်းဝင် ကုမ္ပဏီများ၏ တာဝန်ရှိသူများမှ ၎င်းတို့ကုမ္ပဏီ၏ လက်ရှိ လုပ်ငန်း လည်ပတ်မှု အခြေအနေ နှင့် ရှေ့လာမည့် အလားအလာများကို တင်ပြ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် Expert Talk အစီအစဉ်၌ စတော့ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် ဗဟုသုတများကို မျှဝေခြင်း ၊ စကားဝိုင်း ဆွေးနွေးပွဲများတွင် မြန်မာ့ စတော့ ဈေးကွက် အတွင်း နိုင်ငံခြားသားများ ရှယ်ယာ ဝယ်ယူခွင့် ရရှိပြီးပါက ရရှိလာမည့် အကျိုးကျေးဇူးများကို ဆွေးနွေး ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် စတော့ အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်တွင် အရောင်းအဝယ် စတင် ပြုလုပ်ခဲ့ကာ YSX Expo ပွဲများကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပထမ အကြိမ် စတင် ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117