Connect with us

Politics, Law & Military

မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင် ကွယ်လွန် 

မိုးလေဝသ ပညာရှင် ဦးထွန်းလွင်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ထင်ရှားသောမိုးလေဝသ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဦးထွန်းလွင်သည် ယနေ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းတက်ရောက် ဆေးကုသမှု ခံယူနေသည့် Grand Hantha International ဆေးရုံမှ အတည်ပြုခဲ့သည်။

မိုးလေဝသ ပညာရှင် ဦးထွန်းလွင်သည် ယနေ့ ညနေ ၆ နာရီ ၅၇ မိနစ် အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များကလည်း ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် အသိပေး ဖော်ပြခဲ့ပြီးနောက် အသေးစိတ် အစီအစဉ်များကို ထပ်မံ ကြေညာပေးသွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ရာ ပြည်သူ အများအပြားက ဝမ်းနည်း စကားများ အသီးသီး ရေးသားခဲ့ကြသည်။

ဦးထွန်းလွင်သည် အောက်တိုဘာ ၁၉ ရက်တွင် ဆေးရုံတက်၍ ဆေးကုသမှု ခံယူနေကြောင်း ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာမှတစ်ဆင့် ရေးသား ဖော်ပြခဲ့သည်။ဦးထွန်းလွင်သည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား တစ်ဦး ဖြစ်ပြီး မိုးလေဝသ ခန့်မှန်းချက် သတင်းများ ၊ ဆောင်းပါးများ ၊ ဟောပြောပွဲများစွာ အဆက်မပြတ် ပြုလုပ် ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ၌ လူသိများ ထင်ရှားသူ တစ်ဦး ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၀ ကျော်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117